ရန်ကုန်၊ ဇွန် ၂၇
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ဖောင်းက တာ ရွာသား ကိုစိုင်းမြတ်စိုးကို စစ်တပ်က ခေါင်းဖြတ်၊ လက်နှစ်ဖက်ဖြတ်ပြီး ဖမ်းဆီးသတ်ဖြတ်ထားသည့် ရုပ်အလောင်းကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာ သို့ ပြောဆိုသည်။
ဇွန်လ ၂၅ ရက်နေ့က အကြမ်းဖက် စစ်တပ် ကျေးရွာအတွင်း ဝင်ရောက် စီးနင်း စဥ် ရွှေမန်းဟိန်းစားသောက်ဆိုင်ရှေ့နှင့် ကျေးရွာ ဘုန်းကြီးကျောင်းရှေ့တွင် ပစ် သတ်ခံရသည့် ပြည်သူ ၂ ဦး၏ ရုပ်အလောင်းများလည်း ပျောက်ဆုံးနေကြောင်း သိရသည်။
” ကိုစိုင်းမြတ်စိုးက စစ်တပ်က လက်တွေဖြတ်ပြီး ခေါင်းကိုလည်း ဖြတ်သွား တယ်။ အဲတာကိုတော့ ရွာက လူငယ်လေးတွေ အဖွဲ့က မွန်းလွဲပိုင်းမှာ မီးသ င်္ဂြိုလ် ပေးလိုက်ပါတယ်။ ဘယ်အချိန်က အသတ်ခံရတာလည်း ဆိုတာတော့ မသိဘူး။ ဒီနေ့ မနက်ပိုင်း ၁၀ နာရီလောက်က တွေ့ခဲ့လို့ သွားပြီးတော့ ရှင်းပေး ရတာပေါ့။ ကိုစိုင်းမြတ်စိုးက ၂၄ ရက်နေ့တည်းက ဖမ်းခံရတာပေါ့။ ဖမ်းခံရတဲ့ သူ အားလုံးပေါင်းက ၃၆ ယောက် ပေါ့။ ၃၂ ယောက်ကတော့ နံနက်က လွတ် လာ တာပေါ့။ ကျန်တဲ့ ၄ ယောက်ဖြစ်တဲ့ ကိုဝင်းဘိုက ဆေးရုံတင်ထားရတယ်။ နှိပ်စက်ခံရတဲ့ အခါကျတော့ ဆေးရုံတင်ထားရတာ အခုလက်ရှိ အခုညနေပိုင်း မှာ ပြန်လွတ်လာတာက ကိုချမ်းသာပါ။ စစ်ကြောင်းမှာ လမ်းပြခေါ်သွားတဲ့ ၁ ယောက်က ကိုဝင်းအောင်ပါ သူက အခုထိ သတင်းမရသေးဘူး။ ဘယ်မှာရှိ လည်းလဲ မသိဘူး။ နောက်ဆုံး တစ်ယောက်က ခေါင်းဖြတ် သတ်ခံရတဲ့ ကိုစိုင်းမြတ် စိုးပေါ့။ အားလုံးပေါင်းပျောက်နေတာ ၄ ယောက်ပေါ့။ ရွှေမန်းဟိန်း စားသောက်ဆိုင် ရှေ့နဲ့ ရွာထဲ ဘုန်းကြီးကျောင်းရှေ့မှာ ပစ်သတ်ခံရတဲ့ ၂ ယောက် အလောင်းကလည်း အခုထိ ရှာမတွေ့သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ပံတောင်းတောင် ဒေသအတွင်းရှိ အိုမ၊ ထန်းတောနှင့် သစ်ကွင်း ကျေးရွာများကို ရောက်ရှိနေပြီး ညအိပ် စခန်းချမည့် အခြေအနေရှိကြောင်း သိရသည်။