ရန်ကုန်၊ ဇွန် ၂၇
မြင်းမူမြို့နယ် ကျေးရွာတစ်ရွာတွင် အထက မလဲသာ ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)နှင့် မြင်းမူမြို့နယ် လူထု သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ဗကသ ကျောင်းသား ခေါင်းဆောင် သခင်ဗဟိန်း ၁၀၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ” မြင်းခွားတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် ” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အင်အားပြည့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။