26 C
Yangon

တောင်ဥက္ကာလာပ၊ မရမ်းကုန်းနှင့် အရှေ့ဒဂုံ တရားရုံးများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ မှော်ဘီတွင် ပစ်ခတ်သံများကြားရ

Must read

ရန်ကုန်၊ ဇွန် ၂၇

ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်၊ တောင်ဥက္ကာလာပနှင့် မရမ်းကုန်းမြို့နယ် တရား ရုံး များကို ယနေ့ညပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ် ပွားပြီး မှော်ဘီတွင်ပစ်ခတ်သံများကြားရကြောင်း ရန်ကုန်မြို့ခံ များက ရန်ကုန် ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။

ဇွန်လ ၂၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ မြို့နယ်၊ သစ္စာလမ်းမကြီးပေါ်ရှိ တောင်ဥက္ကလာရဲစခန်းနောက်ကျော တောင် ဥက္က လာပ မြို့နယ်တရားရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သော တောင်ဥက္ကလာပ တရားရုံးအနီးတွင် တောင်ဥက္က လာပ ထွေ/အုပ်ရုံးရှိနေပြီး ယင်းထွေ/အုပ်ရုံးတွင် စစ်ကောင်စီတပ် များ တပ်စွဲထားကြောင်း သိရှိရသည်။

အလားတူ ယနေ့ည ၈ နာရီတွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း ပေါ်ရှိ မရမ်းကုန်း တရားရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ် ပွား ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ည ၉ နာရီ ၃၅ မိနစ်ဝန်းကျင် အရှေ့ဒဂုံမြို့နယ်၊ ၁၃၃ ရဲစခန်းနှင့် မြို့နယ်တရားရုံးအနီး ဗုံးပေါက်ကွဲသံ ကြားရကြောင်း၊ အရှေ့ဒဂုံတရားရုံးကို ဗုံး ဖြင့် ပစ်ပေါက်သည်ဟု ကြားသိရသော်လည်း အသေးစိတ် အခြေအနေ မသိ ရှိရသေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောက်ချောက်ကုန်း ကျေးရွာ အနီး တွင် ပစ်ခတ်သံများကြားရကြောင်း ၊ Mytel တာဝါတိုင်စောင့် စစ်သား များက ရမ်းသမ်းပစ်ခတ်မှုဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုကြသည်။

“ခုည သေနတ်သံတွေအရမ်းကြားနေရတယ်။ မြောင်းတကာအလွန်က တာဝါ တိုင် စောင့် စခတွေ ရမ်းသမ်းပစ်နေတာ ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြော ဆို သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article