28 C
Yangon

ကွတ်ခိုင်တွင် စစ်တပ် ကင်းပုန်းများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး၊ မြင်းမူတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး၊

Must read

ရန်ကုန်၊ ဇွန် ၂၇

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနှင့် ပန်ကိုင် ရွာကြားတွင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေး တောင် ကုန်း တစ်ခုပေါ်တွင် ကင်းပုန်းဝပ်နေသည့် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ တပ်ရင်းမှ စစ်သားများကို PDFကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးနှင့် ကာကွယ် ရေး တပ်ဖွဲ့PSDA ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ခမရ ၄၁၇မှ ကင်းပုန်းဝပ်နေသော စစ်သားများကို ပြည် သူ့ လုံခြုံရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း ၁၁၁နှင့် တပ်ရင်း ၂၂၂ မှ ရဲဘော် များက ဝင်ရောက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ အများ အပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း မြင်းမူမြို့ မှထွက်လာသော စစ်တပ် အရာရှိ ပါဝင် သည့် စစ်ကား ယာဥ်တန်းကို ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် တွင် ဘိုးမင်းကြီးကင်းရွာနှင့် ဂွေးပင်တောရွာအကြားတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့​ပြီး စစ်တပ် အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း Myaung People’s Defense Force(T.G.R) တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဥ်တန်းကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ Chaung U Local Defense Force (CHU LDF)၊ ဗိုလ်နေတိုး အထူး ပြောက်ကျားအဖွဲ့ (B.N.T)၊ Saw Bwar Gyi (MPDF) MYAUNG၊ ဗိုလ်တောက် ထွန်း (MBTT)နှင့် 11 Brothers တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။

မန္တလေး-မုံရွာ လမ်းပိုင်းတွင် မုံရွာသို့ မောင်းနှင်လာသည့် စစ်ကား ပွိုင့်ကား ၃ စီးနှင့် ပါရာဒို ၁ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ငါးယှဥ်ရွာနှင့် ချောင်း ဦး ကြားတွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖောက်ခွဲ တိုက် ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Myaung People’s Defense Force(T.G.R) တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဥ်တန်းကို Myaung People’s Defense Force(T.G.R) တပ်ဖွဲ့နှင့် Chaung U Local Defense Force (CHU LDF) တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။

ဓာတ်ပုံ- PSDA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article