By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၈ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်မှာ စစ်တပ်ထုတ်ကုန် Adman Gold ဘီယာဖာ ၇၀ ကို PDF တွေက ဖမ်းဆီးဖျက်ဆီး လိုက်တယ်လို SNAKE EYES – PDF က သတင်း ထုတ်လိုက်ပါတယ်။
- ကရင်ပြည်နယ်၊ မြဝတီမြိုနယ်တောင်ပိုင်း၊ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းကို KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းနဲ့ ပူးပေါင်းအဖွဲက ဆက်လက်တိုက်ခိုက်နေပြီး အထိနာနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မနေ့က ညနေ၄နာရီလောက်မှာ တိုက်လေယာဉ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေရတယ်လို စုံစမ်းသိရှိရပါတယ်။
- စစ်ကိုင်းမြိုကနေ မုံရွာမြိုဘက်ကို ထွက်ခွာလာတဲ့ စစ်သားနဲ့ ရဲတွေလိုက်ပါလာတဲ့ပါဂျဲရိုးကားနဲ့ ရဲကား ၄ စီးယာဥ် တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို စစ်ကိုင်းခရိုင်တပ်ရင်း ၁ တပ်ဖွဲဆီက သိရပါတယ်။
- တနင်္သာရီတိုင်း ပုလောမြိုနယ် နန်းတောင်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဇွန်လ ၂၇ ရက်နေ့က ပုလော PDF မဟာမိတ်အင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးခဲ့တဲ့ သတင်း အပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။