ရန်ကုန်၊ ဇွန် ၂၈
မြန်မာနိုင်ငံတစ်ဝန်း ပြည်သူ့လုံခြုံရေးအဖွဲ့များကို ယခု ဇွန်လကုန်တွင် အပြီးဖွဲ့ စည်းရန် ပြည်ထဲရေးဝန်ကြီးဌာနကညွှန်ကြားထားကြောင်း သိရှိရသည်။
“ဒီလကုန်မှာ တစ်နိုင်ငံလုံး ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အသင့်ဖြစ်ဖို့ ညွှန်ကြား ချက်ထွက်ထားပါတယ်။ မဖြစ်မနေရှိတဲ့အင်အားနဲ့ ဖွဲ့ဖို့ရှိပါတယ်” ဟု ခရိုင်စစ် ကောင်စီဝင်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ် မတ်လ ၃ ရက်နေ့ စစ်ကောင်စီအစည်းအဝေးတွင်မဘသ၊ YMBA ၊ ပြည်သူ့စစ်၊ ရဲ၊ စစ်မှုထမ်း ဟောင်း ၊ ကြက်ခြေနီ၊ မီးသတ် အပါအဝင် စစ်တပ်ထောက် ခံသူများပါဝင် သည့် ပြည်သူ့လုံခြုံရေး အမည်ခံအဖွဲ့များ စမ်းသပ် ဖွဲ့စည်းရန် ညွှန်ကြား ခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လုံခြုံရေးအမည်ခံ အဖွဲ့များ ဖွဲ့စည်းရန် ပါဝင်လာခြင်းဖြစ်ပြီး အဆိုပါ ပြည်သူ့လုံခြုံရေးအမည်ခံ အဖွဲ့များတွင် ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်သူ့ စစ် အဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့ ၊ ဒေသအကျိုး လိုလားသူ(စစ်တပ်ထောက်ခံသူ)၊ အချို့ပါတီများနှင့် YMBA ကဲသို့သော အသင်းများ (မဘသ ပါဝင်) ပေါင်းစပ်၍ စမ်းသပ်ဖွဲ့စည်းဆောင် ရွက်ညွှန်ကြား ခြင်းဖြစ် ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း မြို့နယ်များရှိ ရပ်ကွက်များတွင် ပြည်သူ့လုံခြုံရေးအဖွဲ့များကို ဇွန်လ ၂၃ ရက်နေ့နှင့် ဇွန်လ ၂၅ ရက်နေ့ အကြားတွင် အပြီးဖွဲ့စည်းရန်၊ အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ရာအိမ်မှူး တစ်ဦးက ဒုခေါင်းဆောင်၊ ကျန်ရာအိမ်မှူးများနှင့်စစ်မှုထမ်းဟောင်းများရှိပါက အဖွဲ့ဝင်များ အဖြစ် သတ်မှတ်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးများက ညွှန်ကြားထားကြောင်း သိရှိရသည်။
“ရည်ရွယ်ချက်ကရပ်ကွက်ထဲ တစ်ခုခုဖြစ်ရင် အဲဒီအဖွဲ့ တွေကို ရှေ့အရင် ထွက်ခိုင်းမယ်။ မြို့နယ်ရဲတပ်ဖွဲ့ရမှူးရုံးကလည်း အဲဒီအဖွဲ့ တွေက်ိုဇွန်လ ၂၅ရက်နေ့ အပြီးအမြန်ဆုံးဖွဲ့ပြီးဖို့နယ်ထိန်းတွေ ကိုရပ်ကွက်အုပ်ကြီးဆီ ကွင်းဆင်းစာရင်း အမြန်တောင်းကြတယ်။ အခုတော့ တော်တော်များများ ဖွဲ့ပြီးကုန်ကြပြီ။ အမြန်ဆိုတော့လေ အဖြစ်ဖွဲ့လိုက်ကြတာ။ သင်တန်း ပေးမယ်လည်းပြောတယ်” ဟု ရပ်ကွက် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွင် စိတ်မပါသော်လည်းပါဝင်နေရသူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တစ်နိုင်ငံလုံး အတိုင်း အတာ ဖြင့် ပြည်သူ့စစ် အမည်ခံ အဖွဲ့များ ဖွဲ့စည်းထားသော်လည်း အလုပ် မဖြစ်၍ ထပ်မံ၍ ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ဖြင့် ထပ်မံ၍ စမ်းသပ် ဖွဲ့စည်းရန် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကန့်ဘလူမြို.နယ်၊ မှော်တောရွာဘုန်းကြီးကျောင်းမှ မဘသ ဘုန်းကြီး ဝါသဝ ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့များ။