33 C
Yangon

ဆားလင်းကြီး၊ တုံရွာသစ်ကို စစ်တပ်က ဝင်စီးပြီး သတ်ဖြတ်သွား‌သော ပြည်သူ ၂ ဦးအလောင်းကို ပြန်ရရှိ၊ အောင်ချမ်းစည်ကျေးရွာမှ လူငယ်တစ်ဦးကိုလည်း စစ်တပ်က သတ်ဖြတ် မြေမြှုပ်သွား 

Must read

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တုံကျေးရွာသစ်ကို စစ်တပ်က ဇွန်လ ၂၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီးကျေးရွာသား ကိုပေါက်စနှင့်ကိုကျင်ဝှက် ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ဇွန်လ ၂၇ ရက်နေ့တွင် စစ်တပ်က ဖွက်ထားခဲ့ သော အလောင်း ၂ လောင်းကို ပြန်လည်ရရှိ သဂြိုလ်လိုက်ကြောင်း ဒေသခံများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ 

ဇွန်လ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန် တုံကျေးရွာသစ်၊ ရွှေအိုးကြီး ဘုရား မြောက်ဘက်တွင် အပုတ်နံ့ရရှိ၍ကျေးရွာသူ ကျေးရွာသားများက သွားရောက် စစ်ဆေးရာ  အလောင်း ၂ လောင်း တွေ့ရှိရကြောင်း၊ အလောင်းများကို သေချာ စွာ စစ်ဆေးကြည့်သောအခါ စစ်တပ်က ဖမ်းဆီးခဲ့သော ကျေးရွာသား ကို ပေါက်စ နှင့်ကိုကျင်ဝှက်တို့ဖြစ်သည်ကို စစစ် တွေ့ရှိရကြောင်း၊ ယင်း နောက် လောက်တက်၍ ပျက်စီးနေပြီဖြစ်သော အလောင်း ၂ လောင်းကိုမီးသဂြိုလ် လိုက်ကြောင်း သိရှိရသည်။  

“အလောင်းတွေ့ရတယ်။  အလောင်းက၂လောင်း။ လောက်တွေတက်ပြီး ရုပ် ပျက် နေပြီ။ အလောင်းက ကိုပေါက်စနဲ့ ကိုကျင်ဝှက်ပဲ ပျောက်နေတာ ဆို တော့ သူတို့ပဲလို့ အားလုံးက ယူဆကြတာ။ မီးသဂြိုလ်လိုက်ပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

အလားတူ ဇွန်လ ၂၅ ရက်နေ့  ဆားလင်းကြီးမြို့နယ်၊ အောင်ချမ်းစည် ကျေးရွာ ကိုလည်း  စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ရန်ကုန်မှ လာရောက်သော လူငယ် တစ်ဦးကို ဖုန်းအတွင်း မသင်္ကာစရာတွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးသတ်ဖြတ် ခဲ့ပြီး မြေမြုပ်သဂြိုလ်သွားကြောင်း၊ အဆိုပါ လူငယ်မှာ အလည်လာရောက်သူ ဖြစ်၍ ကျေးရွာဘက်ကလည်း နာရေးရှင် မရှိ၍ အရေးတယူ မစုံစမ်းနိုင်တော့ဘဲ အလောင်းမြှုပ်ထားရာ နေရာကိုသာ မှတ်သားထားကြောင်း  သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်သွားသော ကိုပေါက်စနှင့်ကိုကျင်ဝှက်တို့ ၂ ဦး ၏ ပျက်စီးနေသော ရုပ်အလောင်းများကို ယမန်နေ့  မီးသဂြိုလ်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article