28 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၃၀ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းမှာရှိတဲ့ ဥကရစ်ထ စစ်ကောင်စီခြေကုတ်စခန်းတိုက်ပွဲမှာ အကြမ်း ဖက်စစ်ကောင်စီတပ်က အဲ့ဒီ့ စခန်းမကျရေးအတွက် လေကြောင်းကနေ တိုက်လေယာဉ်တွေနဲ့ အလွန် အကျွံ ပစ်ခတ်တိုက်ခိုက်နေခဲ့ပြီး Cluster Bomb လို့ခေါ်တဲ့ ထပ်ဆင့်ပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေနဲ့ပါ ကျဲချ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ – ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းဘေး၊ မွေးမြူရေးဇုန်အနီးမှာ တပ်စွဲထားတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။ – ရန်ကုန်၊မြောက်ဒဂုံဘေလီတံတားအနီးမှာ ဇွန်လ ၂၉ ရက်နေ့ ည ၈ နာရီခွဲလောက်က ပစ်ခတ်ခံရပြီး သေဆုံးတဲ့သူဟာ တောင်ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးဟောင်း ဝင်းမြင့်ဇော် ဖြစ်တယ်လို့ ထပ်မံစုံစမ်း သိရှိရပါတယ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ ငွေတောင်းခံနေတဲ့ ကျွန်းပင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုမှာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article