30 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် 

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၃၀ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့

– အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ မြန်မာကျပ်ငွေ နဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားတွေကို ဒီကနေ့မှာစတင်သတ်မှတ် ကြေညာလိုက်ပြီး NUG Pay အတွက်လည်း ကိုယ်စားလှယ်တွေကို မြန်မာ၊ ထိုင်း နဲ့ စင်ကာပူတို့မှာစတင် ခန့်ထားပြီးပြီလို့ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

– မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ    ဥကရစ်ထ စခန်း တိုက်ပွဲမှာ ဗုံးကျဲတိုက်ခိုက်ရင်းနဲ့ ထိုင်းနိုင်ငံရဲ့ လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်သွား တဲ့အပြင် ကျည်တွေ ကျရောက်မှုရှိပြီး ထိုင်းပြည်သူတွေ အထိတ်တလန့် အကြီး အကျယ် ဒေါသထွက် မကျေမနပ်ဖြစ်နေကြောင်း ထိုင်းပြည်သူများတွေရဲ့ လူမှုကွန်ရက်မှာ ရေးသားထားချက်တွေအရ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်မှာ ရဲစခန်းမှူးတစ်ဦး ဆိုင်ကယ် ဆီထည့်နေတဲ့အချိန် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။

-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာသား ကိုဝင်းအောင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ကလမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး သတ်ဖြတ်ထားခဲ့တဲ့ ရုပ်အလောင်းကို ဇွန်လ ၂၉ ရက်နေ့မှာ ပြန်လည် တွေ့ရှိခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

https://youtu.be/G8IheFdKx6s
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article