37 C
Yangon

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်ရှေ့သို့ သွားရောက် ဆဲဆို ခဲဖြင့်ပေါက်ခဲ့မှုကို စစ်မှုထမ်းဟောင်း၊ မဘသ၊ မျိုးစောင့်လူငယ်နှင့် ကြံ့ဖွတ်ပါတီက ဦးစီးလုပ်ဆောင်ခဲ့၊ ပါဝင်သူများ၏ နာမည်စာရင်းများနှင့် ငွေကြေးစိုက်သူများကို ဖော်ထုတ်ခြင်း

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင် သတ်ဖြတ်လိုက်သော ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များရှေ့သို့ ဇူလိုင်လ ၂၇ ရက်နေ့က လူအုပ်စုဖြင့် ဆဲဆိုခြင်း၊ ခဲဖြင့်ပေါက်ခြင်းများကို လုပ်ဆောင်ရာတွင် စစ်မှု ထမ်းဟောင်းများ၊ မဘသ ၊ မျိုးစောင့်လူငယ်နှင့် ကြံ့ဖွတ်ပါတီတို့က ဦးဆောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူများနှင့် သိရှိထားသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရွှေပြည်သာမှ ကြံ့ဖွတ်ပါတီဝင် မင်းမင်း၊ မျိုးစောင့်လူငယ်အဖွဲ့မှ သူရဇော်၊ စစ်မှုထမ်းဟောင်း ဖော့ကန်စျေးတာဝန်ခံ စည်ပင်ဝန်ထမ်း ချစ်လွင် (စစ်မှု ထမ်းဟောင်း)၊ မင်္ဂလာဒုံမြို့နယ် ကြံ့ခိုင်ရေးပါတီဝင် သန်းဝင်း၊ လှိုင်သာယာမြို့နယ် အပြင်ပဒံအုပ်ချုပ်ရေးမှူး ထွန်းနိုင်ဦး(ကြံ့ဖွတ်နှင့်မဘသ)၊ ကြံ့ဖွတ်အမာခံ မြင့်သူ(လှိုင်သာယာ၊ အပြင်ပဒံအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်၊ ရာအိမ်မှူး)၊ စစ်လော်ဘီ အောင်မင်း( Myanmar Hard Talk ) တို့ ပူးပေါင်း ပါဝင်ကြောင်း သိရှိရသည်။

“မျိုးစောင့်တွေရယ်၊ MNO ၊ မဘသ၊ အမျိုးသားရေး၊ စစ်မှုထမ်းဟောင်းတွေ ပဲ။ အရင် လူတွေပဲ။ တပ်မတော်ထောက်ခံပွဲ တက်တဲ့သူတွေချည်းပါပဲ။ ငွေကြေးကတော့ ပြည်ခိုင်ဖြိုးပါတီဘက်က စိုက်ထုတ်တယ်။ ကားငှားတာ၊ လူတွေအတွက် တစ်နေ့တာ စရိတ်ပေးတာက အစ အကုန်ပါတယ်” ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်က ပြောသည်။

ရွှေပြည်သာမှ ကြံ့ဖွတ်ပါတီဝင် မင်းမင်းက အင်းစိန်ရှိ ကိုဂျင်မီ၏ နေအိမ်ရှေ့တွင် သွားရောက် ဆဲဆို အော်ဟစ်ခဲ့ကြောင်း လူမှုကွန်ရက်တွင် အတည်ပြုရေးသားထားသည်။

ရွှေပြည်သာ ကြံ့ဖွတ်ပါတီဝင် မင်းမင်းသည် MNO တင့်လွင်၊ လွှတ်တော်အမတ်ဟောင်း ခင်၀ိုင်းကြည်၊ ဝင်းကိုကိုလတ် အပါအဝင် မဘသ၊ အမျိုးသားရေးနှင့် စစ်တပ်ထောက်ခံပွဲ ဦးဆောင်သူများနှင့် အလွန်ရင်းနှီးပြီး ပွဲတိုင်းကျော် ပါဝင်သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်းဟောင်း၊ စည်ပင်ဝန်ထမ်း ဖော့ကန်စျေးတာဝန်ခံ ချစ်လွင်သည် ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များဆီသို့ သွားရောက် တိုက်ခိုက်ရာတွင် ပါဝင်ကြောင်း ရွှေပြည်သာ UG အဖွဲ့က ပြောသည်။

“ကိုဇေယျာသော် တို့အိမ် ခဲနဲ့ပေါက်သူတွေထဲမှာ ရွှေပြည်သာ၊ သံဒင်းမှာ နေထိုင်တဲ့ ဦးချစ်လွင်ပါတယ်။ သူကဖော့ကန်စျေးနဲ့ သံဒင်းကို Battery စက်ဘီးနဲ့ အသွားပြန်လုပ်ပါတယ်။ စစ်မှုထမ်းဟောင်းပါ။ ဖော့ကန်စျေးတာ ဝန်ခံ” ဟု မျက်မြင်များ သတင်းပေးပို့ချက်ကိုးကား၍ ရွှေပြည်သာ UG အဖွဲ့ SPTUG က ပြောသည်။

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များကို သွားရောက်ဆဲဆို တိုက် ခိုက်သူများတွင် မျိုးစောင့်လူငယ်အဖွဲ့မှ သူရဇော် ပါဝင်သည်ဟု မဘသနှင့်အမျိုးသားရေး လှုပ်ရှားသူများအကြောင်း သေချာ သိရှိထားသူ ဟိဏ်းဝေယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ စုံစမ်းလေ့လာချက်များအရ စစ်လော်ဘီ မီဒီယာသမား အမည်ခံများကလည်း ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များကို သွားရောက်တိုက်ခိုက်မှုများကို မှတ်တမ်းတင်ရန် နှင့် လူမှုကွန်ရက်မှ ဖြန့်ဝေရန်၊ တိုက်ခိုက်မှုတွင် ဦးဆောင်ပါဝင်ခြင်း၊ စီမံခြင်းများ လုပ်ဆောင်ကြသည်ဟု သိရှိရသည်။

Myanmar Hard Talk မှ စစ်လော်ဘီအောင်မင်းသည် ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များကို ဆဲဆို တိုက်ခိုက်မှုတွင် ကြိုးကိုင်ပါဝင်ပြီး စစ်အာဏာမသိမ်းမီကာလများကလည်း ယင်းကဲ့သို့ ပါဝင်မှုများရှိခဲ့ကြောင်း မဘ သ သတင်းရပ်ကွက်က အတည်ပြုသည်။

ထို့ပြင် ဗိုလ်အောင်ကျော်လမ်းရှိ ကိုဖြိုးဇေယျာသော်၏ နေအိမ်ကို တိုက်ခိုက်ကြသူများတွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငချောကွင်းကျေးရွာမှ လိုက်ထရပ်ကား ၂ စီး ပါဝင်ကြောင်း၊ ငချောကွင်းကျေးရွာမှ ညောင်းကုန်မိသီ၊ ခိုင်ဇော်၊ ဇော်ဦးနှင့်ကုလားကြီးတို့က ဦးဆောင်ပြီး ပတ်ဝန်းကျင်ရွာများမှ လူများ စုဆောင်းခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဇော်ဦးက ကိုဖြိုးဇေယျာသော်တို့တိုက်ကို လေးခွနဲ့တောင် ပစ်နေတာ မြင်ရတယ်။ ဒီလူတွေ အတော်ကို တရားမရှိသူတွေပဲ။ မတရားအသတ်ခံရတဲ့သူအိမ်ကို နာရေးအိမ်ကို လုပ်ရက်လေခြင်းပဲ။ ရွာနာပါတယ် သူတို့တွေကြောင့်” ဟု ငချောကွင်းကျေးရွာသားတစ်ဦးက ပြောသည်။

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်ကို ဆဲဆို တိုက်ခိုက်သူများစာရင်း

===========================================

၁-သူရဇော်( မျိုးစောင့်လူငယ်၊ ရွှေပြည်သာ)

၂-ချစ်လွင် (စစ်မှုထမ်းဟောင်း၊ ဖားကန့်စျေးတာဝန်ခံ၊ စည်ပင်ဝန်ထမ်း)

၃-ထွန်းနိုင်ဦး( အပြင်ပဒံအုပ်ချုပ်ရေးမှူး၊ လှိုင်သာယာ၊ ကြံဖွတ်ပါတီဝင်)

၄-မြင့်သူ(အပြင်ပဒံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လှိုင်သာယာ ၊ ကြံ့ဖွတ်ပါတီဝင်)

၅-အောင်မင်း(စစ်လော်ဘီ၊ Myanmar Hard Talk)

၆-မင်းမင်း( ကြံ့ဖွတ်ပါတီဝင်၊ မဘသ၊ အမျိုးသားရေး၊ ရွှေပြည်သာ)

၇-ညောင်ကုန်းမိသီ( လှည်းကူးမြို့နယ်၊ ငချောကွင်းကျေးရွာ၊ မဘသ၊ ကြံ့ဖွတ်၊ အမျိုးသားရေး၊ ၅၀၀၀ စား)

၈-ခိုင်ဇော်( လှည်းကူးမြို့နယ်၊ ငချောကွင်းကျေးရွာ၊ မဘသ၊ ကြံ့ဖွတ်၊ အမျိုးသားရေး၊ ၅၀၀၀ စား)

၉-ကုလားကြီး (လှည်းကူးမြို့နယ်၊ ငချောကွင်းကျေးရွာ၊ မဘသ၊ ကြံ့ဖွတ်၊ အမျိုးသားရေး၊ ၅၀၀၀ စား)

၁၀-ဇော်ဦး(လှည်းကူးမြို့နယ်၊ ငချောကွင်းကျေးရွာ၊ မဘသ၊ ကြံ့ဖွတ်၊ အမျိုးသားရေး၊ ၅၀၀၀ စား)

၁၁- သန်းဝင်း (မင်္ဂလာဒုံမြို့နယ် ကြံ့ဖွတ်ပါတီဝင်)

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များကို တိုက်ခိုက်ရန် ကြံ့ဖွတ်ပါတီနှင့် စစ်တပ်က ငွေကြေးအားလုံး စိုက်ထုတ်ပေးကြောင်း သိရှိရသည်။

ယနေ့ ရန်ကုန်မြို့လယ်ခေါင်တွင် ကျင်းပသော သေဒဏ်စီရင်မှု ထောက်ခံပွဲသို့လည်း အထက်ဖော်ပြပါ လူများအားလုံး တက်ရောက်ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article