28 C
Yangon

တောင်ကိုရီးယားနိုင်ငံတွင် စစ်ကောင်စီ ၏ ‌သေဒဏ်စီရင်ခံရသော နွေဦးတော် လှန်ရေး ကျဆုံးအာဇာနည်များအား ဦးညွတ်ဂုဏ်ပြုပွဲနှင့် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

တောင်ကိုရီးယားနိုင်ငံတွင် စစ်ကောင်စီ ၏ ‌သေဒဏ်စီရင်ခံရသော နွေဦးတော် လှန်ရေး ကျဆုံးအာဇာနည်များအား ဦးညွတ်ဂုဏ်ပြုပွဲနှင့် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်ကြသည်။

တောင်ကိုရီးယားနိုင်ငံတွင် ဒေသစံတော်ချိန် နေ့လယ် ၁နာရီ တိတိအချိန်တွင်အင်ချွန်းမြို့ ဘူဖြောင်းဘူတာရှေ့ အဝိုင်း ပြည်သူ့ရင်ပြင် တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က စီစဉ်ဦးဆောင်ပြီး တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ၊ မြန်မာ့ဒီမိုကရေစီ အရေးကိုထောက်ခံအားပေးသည့် တောင်ကိုရီးယားနိုင်ငံ မှ အစိုးရမဟုတ်သော NGOs အဖွဲ့အစည်း များတက်ရောက်ခဲ့ကြသည်။

ထိုပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့ပြီး ကျဆုံးအာဇာနည်များအား ဦးညွတ်ဂုဏ်ပြုစကား ပြောခဲ့ပါသည်။

ယင်းနောက်လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲသို့ တက်ရောက်လာသူများမှ ကျဆုံးသူ အာဇာနည်များအား နှင်းဆီ ပန်းပွင့်များဖြင့် စီတန်းဦးညွတ်ဂုဏ်ပြုခြင်း နှင့်အတူ နွေဦးတော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ရှာဖွေခြင်း အနေဖြင့် ငွေတိုက်စာချုပ်နှင့် ထောက်ပို့တပ်သား One Day Challenge မန်ဘာဝင်များစုဆောင်းခြင်းများပြုလုပ်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article