28 C
Yangon

ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် CNDF ကြား ၂ လအတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်သား ၆၆ ဦးသေဆုံး၊ CNDF ဘက်မှ ၃ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၅

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ကြား မေလနှင့် ဇွန်လအတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆၆ ဦး သေဆုံးကာ CNDF ဘက်မှ ၃ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် CNDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ ၇ ကြိမ်၊ ဖလမ်းမြို့နယ်၊ ကလေး-ဖလမ်း ကားလမ်းပေါ်တွင် ၄ ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများတွင် စစ်သား ၆၆ ဦး သေဆုံးခဲပြီး အများအပြား ဒဏ်ရာရသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း၊ CNDF ရဲဘော် ၂ ဦးမှ မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် ၁ ဦးကျဆုံးပြီး ၄ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာမှ နေအိမ် ၁၀ လုံး၊ တလန်ဇာရ်ကျေးရွာမှ နေအိမ် ၁၇ လုံး၊ ပါရ်သဲကျေးရွာမှ နေအိမ် ၆ လုံး၊ ဇောင်လေးကျေးရွာမှ နေအိမ် ၅ လုံးတို့ကို မီးရှို့ဖျက်ဆီးကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article