33 C
Yangon

မန္တလေးမြို့၊ စာသင်ကျောင်းရှေ့တွင် လူငယ်တစ်ဦးကို သွေးသောက်အဖွဲ့ကသတ် ဖြတ်ပြီး အလောင်းတွင် “ခြိမ်းခြောက်မယ့်သူ ရှိသေးလား”ဟု စာကပ်သွား၊ စစ်တပ်လော်ဘီတချို့က လူငယ်ကို သတ်ဖြတ်မှု ၎င်းတို့လက်ချက်ဟု ဝန်ခံထား

Must read

ရန်ကုန်၊ ဇူလိုင် ၈

မန္တလေးမြို့ပေါ်တွင် လူငယ်တစ်ဦးကို သွေးသောက်အဖွဲ့က စာသင်ကျောင်းရှေ့တွင် သတ်ဖြတ်ပြီး အလောင်းတွင်သွေးသောက်တံဆိပ် ကပ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်း မန္တလေးမြို့ပေါ် ၊ ၄၀- ၄၁ကြား၊၈၆လမ်း အမှတ် ၈ အခြေခံပညာအထက် တန်းကျောင်းခွဲရှေ့တွင် လူငယ်တစ်ဦးကို ပစ်သတ်ခံထားရသည့်အလောင်းကို တွေ့ရှိရခြင်းဖြစ်ကြောင်း ၊ လည်ပင်းတွင် သွေးသောက်အဖွဲ့ စာတန်းချိတ်ဆွသွားကြောင်း၊ ညပိုင်းတွင် သွေးသောက်အဖွဲ့နှင့်စစ်တပ်က ဧည့်စာရင်း စစ်ပြီး လူငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

“သတ်သွားတာက သွေးသောက်အဖွဲ့ကပဲ။ ညပိုင်းက အဲ့ဒီနားတဝိုက်ကို စစ်ခွေးတွေက ဧည့်စာရင်းစစ်တယ်ကြားတယ်။ အဲဒီလူကို ဖမ်းသွားတယ်။ မရှေးမနှောင်းမှာ သတ်သွားတာပဲ။ မနေ့ည ၉ နာရီလောက်က ဧည့်စာရင်းစစ်တယ်။ အလောင်းမှာ သွေးသောက်အဖွဲ့ တံဆိပ်ကပ်ပြီးတော့ လည်ပင်းမှာစာချိတ်ထား အထက၈မှဆရာမနှင့်ကျောင်းသားကျောင်းသူများ ကျောင်း‌ ဆက်လက်တက်ပါကသုတ်သင်ရှင်းလင်းသွားမည်ဆိုပြီးစာချိတ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လူငယ်၏ အလောင်းနှင့်အတူ သွေးသောက်အဖွဲ့ တံဆိပ်ကို ထားရှိခဲ့ရာတွင် ခြိမ်းခြောက်မယ့်သူရှိသေးလား ဟူ၍ လည်း ရေးသားထားသည်။

စစ်တပ်လော်ဘီတယ်လီဂရမ် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် MDY image က မန္တလေးတွင် မြို့ပေါ် စာသင်ကျောင်းရှေ့တွင် လူငယ်တစ်ဦးကို ယနေ့ သတ်ဖြတ်မှုသည် စစ်တပ်ဘက်တော်သားများက သတ်ဖြတ်ကြောင်း “လူသတ်ဖို့ အကြမ်းဖက်တဲ့ကောင်တွေကို ဖမ်းတာလေ၊ ဘယ်လိုဖမ်းရမှာလဲ။ ညီကလေးရေ လာဟေ့ နောက်ဆို လူမသတ်နဲ့နော် ဟုတ်ပြီလား အဲ့လိုဖမ်းရမှာလား” ဝန်ခံရေးသား ထုတ်ဖော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article