33 C
Yangon

မြောင်၊ ဆယ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦးသေဆုံး၊ မြစ်ဆုံရွာကို စစ်တပ်က မီးတင်ရှို့၊ ခင်ဦး၊ ကားဆိပ်ရွာမှ ပြည်သူ ၁၅ ဦးကို စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆယ်ရွာကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၂၁ နှစ် အရွယ် မမြတ်သန္တာ​အောင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့ CDSOM ထံမှ သိရသည်။

မမြတ် သန္တာအောင်သည် လက်ဖက်ရည်ဆိုင် အတွင်း ခုံသုတ်နေစဥ် အကြမ်း ဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ကာ ၇ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

နံနက် ၁၁ နာရီ ၃၀ မိနစ် ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြစ်ဆုံရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးနေပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း ရွှေပန်းရွာမှ စစ်ဘေးရှောင် ပြည်သူများပါ လိုက်ပါလာသော ထော်လာဂျီ တိမ်းမှောက်ပြီး ပြည်သူ ၃ ဦးသေဆုံးကာ ၄ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်ကာ လက်ရှိချိန်ထိ စစ်ကြောင်းထိုးနေပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် အရပ်သား ပြည်သူ ၄ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDSOM တပ်ဖွဲ့ထံမှ သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကားဆိပ်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၁၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းကို ဝင်ရောက်လာပြီးနောက် ရွာရှိ ဘုန်းကြီးကျောင်းထဲတွင် လူစုခိုင်းပြီးနောက် ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ကာ ပြည်သူပိုင်ကား ၁ စီးကိုလည်း ဖျက်ဆီးသွားကြောင်း သိရသည်။

” ဒီနေ့ နံနက်ပိုင်း စကစတွေ ကျွန်တော်တို့ ရွာထဲဝင်ပြီး လူတွေ အကုန် ဘုန်းကြီးကျောင်းထဲ သွားခိုင်းပါတယ်။ ကျေးရွာနေ ပြည်သူ ၁၅ ဦးကိုလည်း ဓားစာ‌ခံ အဖြစ်ဖမ်းခေါ်သွားတယ်။ ပြည်သူပိုင် အန်စာတုံးကား ၁ စီးကိုလည်း ရိုက်နှက် ဖျက်ဆီးသွားတယ် ရွာထဲမှာရှိတဲ့ အိမ်တွေ အကုန်လုံးကိုလည်း မွှေနှောက်သွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article