37 C
Yangon

ရန်ကုန်တွင် စစ်အာဏာရှင် ချေမှုန်းရေး လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ အဖြစ် သံပုံးများတီးပြီး ကားဟွန်းများတီးကြ

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

ရန်ကုန်တွင် ယနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန် စစ်အာဏာရှင် ချေမှုန်းရေး လူထုသစ္စာပြုပွဲအဖြစ် သံပုံးများတီးပြီး ကားဟွန်းများ တီးကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ကမာရွတ်မြို့နယ်တစ်ခုလုံးတွင် ယနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် သံပုံးတီးသံများ သောသောညံထွက်ပေါ်လာကြောင်း ကမာရွတ်ဒေသခံများက ပြောဆိုကြသည်။

လက်ရှိ လှည်းတန်းစျေးအနီး ပေ ၅၀ လမ်းအနီးတွင် သံပုံးများတီးသဖြင့် အရပ်ဝတ် စစ်သားများက ဝင်ရောက်ဖမ်းဆီးမှုများလုပ်ဆောင်နေပြီး ပြည်သူ ၂ ဦးအဖမ်းခံရကြောင်း သိရှိရသည်။

ရန်ကုန်မြို့လယ်ခေါင်တွင် ကားဟွန်းသံများကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“လမ်းမတော်မှာလည်း သံပုံးတီးကြတယ် ကားဟွန်းလည်းတီးကြတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိ အလုံမြို့နယ်တွင်လည်း သံပုံးတီးသည်ဆိုသော အိမ်များကို စစ်တပ်က ဝင်ရောက် စီးနင်းမှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန် ရန်ကုန်မြို့တွင် ပြည်သူများက ကိုယ်ပိုင်အစီအစဉ်ဖြင့် လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ ကျင်းပစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article