27 C
Yangon

ရန်ကုန်၊ မြောက်ဥက္ကလာ၊ ဧရာ ၆ လမ်းမှ မဘသ၊ အမျိုးသားရေးအစွန်းရောက်နှင့်စစ်တပ်ထောက်ခံသူ ရာအိမ်မှူး သန်းလွင် နေအိမ်ကို သတိပေး ဗုံးခွဲ

Must read

ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် ဧရာ ၆ လမ်းရှိ မဘသ၊ အမျိုးသားရေးအစွန်းရောက်နှင့်စစ်တပ်ထောက်ခံသူ ရာအိမ်မှူး သန်းလွင် (ခ) ကံထူး ၏ နေအိမ်ကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၀ အချိန်တွင် မြို့ပြ ပြောက်ကျား တပ်ဖွဲ့က သတိပေးဖောက်ခွဲလိုက်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ACPLF Ranger အဖွဲ့ ၏ ပံ့ပိုးကူညီမှုဖြင့် SC /မြောက်ဥက္ကလာ သမိုင်းမရိုင်းစေချင်သူ လူငယ်များ အဖွဲ့က သတိပေးသည့် အနေဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ရာအိမ်မှူး သန်းလွင်ကြောင့် ယင်းရပ်ကွက်အတွင်းရှိ လူငယ်အများအပြား ဖမ်းဆီးခံရခြင်း၊ ထွက်ပြေးနေရခြင်း၊ သန်းလွင် ကိုယ်တိုင်မှ မဘသ ထောက်ခံပွဲနှင့် တပ်ထောက်ခံပွဲများတွင် ပါဝင်ခြင်း လုပ်ဆောင်နေသူဖြစ်ကြောင်းသိရသည်။

“ဒလန် သန်းလွင် ကြောင့် လူငယ်တော်တော်များများ အဖမ်းခံရတယ် ၊ ထွက်ပြေးနေကြရတယ်။ သူက မဘသ ထောက်ခံပွဲတွေ ၊ တပ်ထောက်ခံပွဲတွေ မှာ ပါဝင်လေ့ ရှိပါတယ် ၊ ရပ်ကွက်ထဲ လမ်းထဲ တွေ မှာလည်း သြဇာပါဝါ ပြလေ့ ရှိပါတယ် ။ ပြည်သူနဲ့ ဆန့်ကျင်ဘက် နေတဲ့သူမှန်သမျှ ကျွန်တော် တို့ ပထမအကြိမ် သတိပေးမယ်။ ဒါ ကို မှ မရရင် ရှင်းလင်း သွားပါမယ်” ဟု SC (မြောက်ဥက္ကလာသမိုင်းမရိုင်းစေချင်သူ လူငယ်အဖွဲ့) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က မြောက်ဥက္ကလာမြို့နယ်၊ ဝေဘာဂီလမ်းမ၊ ဓမ္မာရုံမှတ်တိုင်တွင် စစ်ကားများဖြင့် ဖြတ်သန်းသွားလာသူမှန်သမျှကို စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- မဘသ၊ အမျိုးသားရေးအစွန်းရောက်နှင့်စစ်တပ်ထောက်ခံသူ ရာအိမ်မှူး သန်းလွင် (ခ) ကံထူးနှင့် ၎င်း၏ နေအိမ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article