36 C
Yangon

ဝက်လက်တွင် PDF တပ်ရင်း ၂ မှ ရဲဘော်များ လူထု သစ္စာ အဓိဋ္ဌာန်ပြုပွဲနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြ

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

ဝက်လက်​မြို့နယ် PDF တပ်ရင်း(၂) မှ ဦးဆောင်ကာ ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ပ.က.ဖများဖြင့် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် လူထုသစ္စာ အဓိဋ္ဌာန် ပြုပွဲနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီမှ တော်လှန်ရေး လှုပ်ရှားသူများနှင့် ပြည်သူလူထုကို မတရားညှည်းပန်းနှိပ်စက် သတ်ဖြတ်ပြီး ပြည်သူလူထုကို အကြောက်တရား သွင်းနေသော်လည်း သွေးအေးသွားမည် မဟုက်ဘဲ ဆက်လက် တော်လှန် တိုက်ပွဲဝင်သွားမည်ကြောင်း သစ္စာကတိပြုခဲ့ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ မတရားကြိုးပေး သတ်ဖြတ် ခံရသော ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော် ၊ကိုလှမျိုးအောင် နှင့် ကျဆုံးသွားသော ရဲဘော်များအတွက် အကောင်းဆုံး တုန့်ပြန်သွားမည်ဖြစ်ကြောင်း သစ္စာ အဓိဋ္ဌာန်ပြုခဲ့သည်ဟု သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article