26 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၂ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့

– နိုင်ငံကျော်အဆိုတော်- ပိုင်သက်ကျော်ကို အကြမ်းဖက် စစ်ကောင်စီက CDM ထောက်ပံ့မှုဆိုတဲ့စွပ်စွဲ ချက်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ထားတယ်လို့ ပိုင်သက်ကျော်ရဲ့ မိတ်ဆွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကြား ဇွန်လ ၂၆ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်က ၃ ဦးထက်နည်း ထိခိုက်သေဆုံးသွားတယ်လို့ The Kokang က သတင်းထုတ်ပြန်ထားပါတယ်။

-တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း PDF မဟာမိတ် တပ်ပေါင်းစု နဲ့ အကြမ်းဖက် စစ်ကောင် စီတပ်တို့  ဇွန်လ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(ပုလော)တပ်ဖွဲဆီကနေ သိရပါ တယ်။

– စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံကြီးကျေးရွာအနီးမှာ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖြစ်တဲ့ ကျားသစ်နက်အဖွဲ့တို့ကြား ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ၊ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article