28 C
Yangon

မုံရွာထောင်တွင် နိုင်ငံ​ရေးအကျဥ်းသား LGBT တစ်ဦးကို ထောင်ဝန်ထမ်း တစ်ပွင့်ဗိုလ် ဇော်ဇော်အောင်က လိင်တံကို စုပ်ခိုင်းပြီးအဓမ္မပြုကျင့်ရန် ကြံစည်

Must read

ရန်ကုန်၊ ဇူလိုင် ၂

မုံရွာထောင်တွင် LGBT နိုင်ငံရေး အကျဥ်းသား တစ်ဦးကို ဇွန်လ ၃၀ ရက်နေ့တွင် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ထောင်ဝန်ထမ်း တစ်ပွင့်ဗိုလ် ဇော်ဇော်အောင်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့ခြင်း​အပ​ေါ် LGBT Alliance-Myanmar အဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထောင်ဝန်ထမ်း တစ်ပွင့်ဗိုလ် ဇော်ဇော်အောင်သည် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အရက်မူးလာပြီး မုံရွာအကျဥ်းထောင်အတွင်း အချုပ်ကျခံနေရသည့် နိုင်ငံရေး အကျဥ်းသား LGBT တစ်ဦးကို ၎င်း၏ လိင်အင်္ဂါကို စုတ်ခိုင်းပြီး အဓမ္မ ပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး LGBT Alliance-Myanmar အဖွဲ့ အနေဖြင့် ဖမ်းဆီးခံ LGBT များ၏ လုံခြုံရေးကို လွန်စွာစိုးရိမ်ပူပန်လျက်ရှိကြောင်း၊ အလားတူ ဖြစ်ရပ်များ ထပ်မံဖြစ်ပွားလာမည်ကို စိတ်ပူမိကြောင်း၊ LGBT Alliance Myanmar အဖွဲ့အနေဖြင့် မုံရွာ အကျဥ်းထောင်မှ ထောင်ဝန်ထမ်း တစ်ပွင့်ဗိုလ် ဇော်ဇော်အောင်၏ လုပ်ရပ်သည် လူမဆန်သော ယုတ်မာရိုင်းစိုင်းသည့် အပြုအမူဖြစ်ကြောင်းနှင့် အလားတူဖြစ်ရပ်များကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန် ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article