26 C
Yangon

ပေါက်မြို့နယ်၊ သရက်ကန်ရွာကို စစ်တပ်က မီးတင်ရှို့နေ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ 

Must read

ရန်ကုန်၊ ဇူလိုင် ၃ 

မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက်စီးနင်းပြီး မီးတင်ရှို့နေကာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရ​ကြောင်း We love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 

လက်ရှိချိန်တွင် ကျေးရွာအတွင်းရှိ ပျက်ဆီးဆုံးရှုံးမှုများနှင့် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာရမှု ရှိမရှိကို မသိရှိရသေးဘဲ ကျေးရွာနေ ပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်က နေအိမ်များ မီးရှို့ဖျက်ဆီးနေသည်ကို အဝေးကသာ လှမ်းကြည့်နေရကြောင်း သိရသည်။ 

” ဒီနေ့ နံနက် ၁၀ နာရီလောက်က မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်မှာရှိတဲ့ သရက်ကန်ရွာကို အကြမ်းဖက် စစ်ကောင်စီက မီးတင်ရှို့နေတယ်။ ရွာထဲအခြေအနေနဲ့ ဖြစ်စဥ် အသေးစိတ်တော့ မသိရသေးဘူး” ဟု We love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော သရက်ကန်ရွာကို အဝေးမှ မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article