ရန်ကုန်၊ ဇူလိုင် ၃
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B-05 အမျိုးသမီးတပ်ခွဲမှ စစ်မေများအတွက် “ပျိုမေတို့ တော်လှန် ဆယ်လ်မွန်ငါးတို့အပြန်” အမည်ရ ထောက်ပို့ကမ်ပိန်းကို ဇူလိုင် ၁ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ပြုလုပ်မည်ဟု သိရှိရသည်။
နွေဦးတော်လှန်ရေးတွင် ကဏ္ဍစုံမှ အမျိုးသမီးများ ပါဝင်နေကြသည့်နည်းတူ ယခုပြုလုပ်မည့် ကမ်ပိန်းမှာ အမျိုးသားများနည်းတူ ရှေ့တန်းတွင် တိုက်ပွဲဝင်မည့် အမျိုးသမီးများကို ဂုဏ်ပြုထောက်ပို့ ကမ်ပိန်းဖြစ်ပြီး စစ်မေများနှင့် ကာကွယ်ရေးပစ္စည်း လိုအပ်ချက်များစွာရှိသော တပ်ရင်းအတွက် ဂုဏ်ပြုကူညီထောက်ပို့ပေးနိုင်မည် ဖြစ်သည်။
“ပျိုမေတို့တော်လှန် ဆယ်လ်မွန်ငါးတို့အပြန်” ထောက်ပို့ ကမ်ပိန်းတွင် ကူညီထောက်ပံ့လိုသူများ https://www.facebook.com/KNDFb5/ ၊ https://www.facebook.com/welovemm2022/ ၊ https://www.facebook.com/wlmlk1/ တို့သို့ ဆက်သွယ်ကူညီနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။