31 C
Yangon

တာမွေ ကျားကွက်သစ်ရပ်ကွက်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တပည့် ချစ်ဖူးအောင် သေဆုံး၊ အမျိုးသမီးတစ်ဦး ခြေကျိုး

Must read

ရန်ကုန်၊ ဇူလိုင် ၃

ရန်ကုန်မြို့ တာမွေမြို့နယ် ဓမ္မစိန္တာလမ်းရှိ ကျားကွက်သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၏တပည့်ဖြစ်သူ ချစ်ဖူးအောင်(ခ) မင်းသားကြီး သေဆုံးကာ အမျိုးသမီး ၁ ဦး ခြေကျိုးသွားကြောင်း သိရှိရသည်။

“ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းသူက စစ်တပ်နဲ့ ပေါင်းနေတာ။ အုပ်ကြီးက ဝင်းသူ YRO Rescue ဒုဥက္ကဌပါ။ ဥက္ကဌက သက်သက်ခိုင်ရဲ့ အစ်ကို ထွန်းထွန်းဦးပါ။ ဗုံးထိပြီး သေသွားတာက စစ်တပ်နဲ့ပေါင်းနေတဲ့ ကျားကွက်သစ်အုပ်ကြီး တပည့် ချစ်ဖူးအောင်(ခ)မင်းသားကြီး။ ဒဏ်ရာရတဲ့မိန်းကလေးက ဌေးဌေးပါ။ သူက ခြေကျိုးလက်ကျိုးဖြစ်တယ်။ အဲဒီ အုပ်ချုပ်ရေးမှူးရုံးက ဧည့်စာရင်းတိုင်သူတွေကို တစ်ယောက် ၂၀၀၀ တောင်းလို့ နာ မည်ကြီးနေတဲ့ ရုံးပေါ့” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်မှုကို ဝိမုတ္တိ-လွတ်မြောက်ခြင်းအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Photo- ပေးပို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article