29 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၄ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့

– ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်မှာ မြန်မာ့နိုင်ငံရေး ပြန်လည်သင့် မြတ်ဖို့ မြင်လိုတယ်ဆိုပြီး ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီး၊ မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း ကိုပြောဆိုလိုက်ပါတယ်။

– ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ်၊ ဥကရစ်ထ တိုက်ပွဲမှာ သေဆုံးသွားတဲ့ အကြမ်းဖက် စစ်ကောင်စီ ဘက်တော်သားတွေရဲ့ ရုပ်အလောင်းတွေကို ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ကော်ဘရာ စစ်ကြောင်းကနေ ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ့ တိုက်ပွဲဟာ ဇွန်လ ၂၆ ရက်နေ့ကနေ ဇူလိုင်လဆန်း ပိုင်းအထိ ဖြစ်ပွားခဲ့ပြီး ၊ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ စက်သေနတ် ပစ်ခတ်သူ ၃ ဦးပါ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

-ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် အတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ကြောင်ပြာစခန်းကို KNLA က ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အဲ့ဒီ့ စခန်းက စစ်ကောင်စီရဲ့ တပ်ရင်းမှူး- ဗိုလ်ကြီး သိန်းမြင့်ဇော် သေဆုံးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article