24 C
Yangon

မြောင်မြို့နယ်၊ ဆူးလေကုန်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆူးလေကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံတပ်ဖွဲ့ CDSOM ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုဘက်မှ ချင်းတွင်းမြစ် အတိုင်း စက်လှေများဖြင့် အင်အား ၁၀၀ ဝန်းကျင်ရှိကာ နနွမ်းကိုင်းရွာသို့ ရောက်ရှိလာပြီးနောက် ဆူးလေကုန်းရွာသို့ ဝင်ရောက် မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာအတွင်းရှိ ပျက်ဆီးဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ဖမ်းဆီးခံထားရမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း CDSOM တပ်ဖွဲ့ထံမှ သိရသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ဆူးလေကုန်းရွာအား အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article