24 C
Yangon

ကနီမြို့နယ်တွင် NUG အစိုးရ လမ်းညွှန်ချက်နှင့်အညီ အခြေခံမီးသတ်သင်တန်းများ ဖွင့်လှစ်

Must read

ရန်ကုန်၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လမ်းညွှန်ချက်နှင့်အညီ အခြေခံမီးသတ်သင်တန်း အပတ်စဉ် ၁ ကို ဧပြီလတွင် ဖွင့်လှစ်ခဲ့ပြီး နောက်ထပ် အပတ်စဉ်များ ဆက်လက်ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။

အခြေခံမီးသတ်သင်တန်းများကို CDM မီးသတ်ဝန်ထမ်းများက သင်ကြားပေးနေပြီး အပတ်စဉ် ၁ တွင် ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာမှ ဒေသခံ တော်လှန်ပြည်သူ ၄၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။

သင်တန်း၌ အခြေခံမီးငြိမ်းသတ်နည်းများ၊ စက်ကြီးစက်ကလေး သင်ခန်းစာများနှင့် မီးသတ်စစ်ရေးပြခြင်းများကို သင်ကြားပြသခဲ့ကြောင်း၊ NUG အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ အခြေခံမီးသတ်သင်တန်းများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း၊ နယ်မြေ မငြိမ်သက်မှု စစ်ရေးအခြေအနေအရ အပတ်စဥ် ၂ ပေးရန် ကြိုးစားလျက်ရှိကြောင်း ကနီမြို့နယ် CDM မီးသတ်တာဝန်ခံထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article