30 C
Yangon

ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံတွင် တပ်စွဲသော စစ်တပ် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း SNAKE EYES LPDF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို SNAKE EYES LPDF၊ Non Profit Soldiers Ye.U နှင့် City Hunter (ပ.က.ဖ ရေဦး) အဖွဲ့တို့မှ အဆင့်မြင့် အဝေးထိန်း ဖောက်ခွဲရေး မိုင်း ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသော ဗိုလ်ကြီး ၁ ဦးနှင့် သေဆုံးစစ်သား အလောင်း ၂လောင်းကို မွန်းလွဲ ၃နာရီ ၂၀မိနစ်ခန့်တွင် ရဟတ်ယာဥ်ဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article