By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၅ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက် မြန်မာစစ်တပ် ပူးတွဲဥက္ကဌအဖြစ် ဦးဆောင်တဲ့ အာဆီယံရဲ့ ဇူလိုင်လအတွင်း ကျင်းပမယ့် အကြမ်းဖက်မှု တန်ပြန်-တိုက်ဖျက်ရေး ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ၊ အစည်းအဝေးကနေ နယူးဇီလန်နိုင်ငံ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
– ရက္ခိုင့်တပ်တော် AA ကနေ ကျဆုံးရဲဘော် ၆ ဦး အတွက် ရက္ခိုင့်တပ်တော်ရဲ့ စစ်ဒေသအားလုံးမှာ ဒီကနေ့ ဇွန်လိုင်လ ၅ ရက်နေ့မှာ ဝမ်း နည်းခြင်း အထိမ်းအမှတ် အလံတစ်ဝက်ချပြီး စိုက်ထူထားတယ်လို့ သိရပါတယ်။
-ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီအာရှလမ်း၊ KNU မွေးမြူရေး-ဇုန်အနီးမှာ ဂိတ်စခန်းချ တပ်စွဲပြီး ၊ ငွေကြေးကောက်ခံနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ဒီကနေ့ ဇူလိုင် လ ၅ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ၊ စစ်ကောင်စီဘက်က ၃ ဦးထက် မနည်း သေဆုံးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးပါမယ်။