ရန်ကုန်၊ ဇူလိုင် ၅
ယနေ့ ဇူလိုင်လ ၅ ရက်နေ့ ညပိုင်းတွင် မကွေးတိုင်း၊ သရက်မြို့နှင့် ၁၁ မိုင်အကွာကို ဗဟိုပြု၍ ၃ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီး ပဲခူးတိုင်း၊ ပြည်မြို့နှင့် ၃၇ မိုင်အကွာကို ဗဟိုပြု၍ ၄ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သိရှိရသည်။
မကွေးတိုင်း၊ သရက်မြို့နယ်နှင့် ၁၁ မိုင်အကွာကို ဗဟိုပြု၍ အင်အား ၃ ဒသမ ၅ အဆင့်ရှိ ငလျင် ယနေ့ ည ၁၀ နာရီ ၅၉ မိနစ်အချိန်တွင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၀ နာရီ ၅၉ မိနစ်၊ ၅၈ စက္ကန့် အချိန် တွင် မကွေးတိုင်း၊ သရက်မြို့၏ တောင်ဘက် မိုင် ၁၁ ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သတင်းထုတ်ပြန်သည်။
အလားတူ ပဲခူးတိုင်း၊ ပြည်မြို့၏ အနောက်တောင်ဘက် ၃၇ မိုင်အကွာကို ဗဟိုပြု၍ ယနေ့ ည ၁၁ နာရီ o၂ မိနစ်အချိန်တွင် အင်အား ၄ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း၊ ငလျင်သည် အနက် ၅၃ ဒသမ ၇ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ကြောင်း United States Geological Survey USGS က သတင်းထုတ်ပြန်ထားသည်။
ယနေ့ နံနက်ပိုင်းကလည်း ရန်ကုန်မြို့တွင်း လှိုင်မြို့နယ်ကို ဗဟိုပြု၍ အင်အား ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ရန်ကုန်မြို့ခံ အများစု ခံစားလိုက်ရသည်။