By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၆ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ကရင်နီပြည်နယ် နဲ့ ရှမ်းပြည်နယ်အစပ်၊ ဖယ်ခုံမှာ ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၄၀ ကျော်သေဆုံးပြီး ၊ PDF တပ်ပေါင်းစုတွေဘက် ကလည်း ၁၁ ဦးကျဆုံးသွားတယ်လို့ KNDF က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
-အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ဟာ ဇူလိုင်လ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့ အထိ ထိုင်းနိုင်ငံ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားရောက်မယ့် ခရီးစဉ်မှာ မြန်မာ့အရေးဆွေးနွေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
– စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် ၊ ဆူးလေကုန်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဇူလိုင်လ ၄ ရက်နေ့မှာ ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ၊ ပြည်သူပိုင် နေအိမ် ၂၈ လုံး မီးလောင်ပြာကျခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM ဆီကနေ သိရပါတယ်။
– ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေ- အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်၊ လက်ပါးစေ BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO ၊ ပူးပေါင်းတပ်ဖွဲ့တွေကြား ဇွန်လ ၁ လအတွင်း တိုက်ပွဲ ၃၆၅ ကြိမ်ဖြစ် ပွားခဲ့ပြီးစစ်ကောင်စီတပ် နဲ့ BGF ဘက်က အယောက် ၄၁၀ သေဆုံးပြီး ၊ ၃၃၅ ဦး ဒဏ်ရာရသွား တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။