By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၆ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇွန်လိုင်လ ၅ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ ရဲအုပ်တစ်ဦး အပါအဝင် ရဲ ၇ ဦးကို လက် နက် ၄ လက်နဲ့ အတူ KIA ၊ PDF ပူးပေါင်းတပ်တွေက ဖမ်းဆီးလိုက်တယ်လို့ PDF သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
– ကရင်နီပြည်နယ်၊ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (B-PDF) ဆီကို ဇူလိုင်လ ၃ ရက်နေ့မှာ စစ်ကောင်စီ ဘက်က ဘောလခဲ ရဲတပ်ဖွဲ့ -မှုခင်းနှိမ်နင်းရေး တပ်စုရဲ့ တပ်ကြပ်ကြီး ဝင်းထွန်း နဲ့ နယ်ထိန်း တပ်ကြပ်ကြီး မျိုးဆွေဦးတို့ ဟာ CDM အဖြစ် ဝင်ရောက် ခိုလှုံခဲ့ပြီး ၊ ပြည်သူ့ဘက်က ရပ်တည် လာတယ်လို့ ဘော်လခဲPDF က သတင်းထုတ်ပြန်ထားပါတယ်။
– ကရင်နီတိုက်ပွဲမှာ သေဆုံးသွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး-ရာထူး အဆင့် ၊ အဆောင် အယောင်တွေကို နွေဦးကျန်းမာ-ဆေးရုံရဲ့ ရဲဘော်တစ်ဦးဖြစ်တဲ့ Buddy မှာ တပ်ဆင် ပေးထားတာကို ဓာတ်ပုံနဲ့တကွ ဆေးတက္ကသိုလ် (၂) ကျောင်းသား ကော်မတီက ထုတ်ပြန်လာပါတယ်။
– ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို ကျေးလက်မြေ-အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ သောက်သုံးရေ နဲ့ ကလေးငယ်တွေ အတွက် အာဟာရဒါန မုန့်တွေ လှူဒါန်းပေးခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။