33 C
Yangon

ရန်ကုန် ဆူးလေလမ်းနှင့် ကမ်းနားလမ်းထောင့် ညစျေးအနီးတွင် လုံခြုံရေးယူ ထားသည့် စစ်တပ်နှင့်ရဲကင်းကို ဗုံးဖြင့် ပစ်၊ ဗုံးပေါက်ကွဲမှုကြောင့် စစ်သားများ သေဆုံး ထိခိုက်မှုများနိုင်

Must read

ရန်ကုန်၊ ဇူလိုင် ၆

ရန်ကုန် ဆူးလေလမ်းနှင့် ကမ်းနားလမ်းထောင့် ညစျေးအနီးတွင် လုံခြုံရေးယူထားသည့် စစ်တပ်နှင့်ရဲကင်းကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ပြီး စစ်သား သေဆုံး ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများနှင့် ဒေသပျောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။

ယနေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ဆူးလေ ဘုရားလမ်းနှင့် ကမ်းနား လမ်းထောင့် ကမ်းနားလမ်း၊ ညစျေး The Box နှင့် Hiso Heaven Bar နှစ်ခုအကြားတွင် စစ်သားနှင့်လုံခြုံရေးရဲကင်းစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးမပေါက်ကွဲခဲ့ဘဲ စစ်တပ်က လာရောက်စစ်ဆေးနေချိန်ညနေ ၆ နာရီ ၅၅ မိနစ်တွင် ဗုံးပေါက်ကွဲသွားပြီး စစ်သား သေဆုံးမှုများပြားနိုင်ကြောင်း ၊ အဆိုပါတိုက်ခိုက်မှုကို Mother Son Yangon Force တပ်ရင်း ၁ နှင့် UG.47 အဖွဲ့မှ ပူးပေါင်းတိုက် ခိုက်ခြင်းဖြစ်ကြောင်း Mother Son Yangon Force တော်လှန်ရေးအဖွဲ့ မှ ဗိုလ်နိုင်က ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

” ကျောက်တံတားမြို့နယ် ဆူးလေ ဘုရားလမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ဘားနှစ်ခု ကြားထဲက ရဲကင်းကို ဗုံးနဲ့ ပစ်ပေါက်တယ်။ ဗုံးက မကွဲဘူး။ ပစ်ပေါက်တာက ၆ နာရီ ၂၀ မိနစ်အချိန်။ အဲဒီမှာ ညနေ ၆ နာရီ ၅၅ မိနစ်မှာ စစ်ခွေးကား ၂ စီးနဲ့လာစစ်တယ်။ စစ်တဲ့အချိန်မှာ ဗုံးက ထကွဲတာ။ စစ်ခွေးအသေတော့ တော် တော်များနိုင်တယ်။ ကမ်းနားလမ်းကိုတော့ ပိတ်စစ်တာတွေရှိတယ်။ ပြည်သူတွေ အနေနဲ့လည်း စစ်ခွေးတွေပိုင်တဲ့နေရာတွေ အဆောက်အအုံတွေနဲ့ ခပ်ခွာခွာနေပေးဖို့ တောင်းဆိုပါတယ်။ အဲဒီ The Box ဘားနဲ့Hiso Heaven Bar ကြားမှာ စစ်ခွေးရဲကင်းက အမြဲစောင့်ပေးနေတာပါ “ဟု Mother Son Yangon Force တပ်ရင်း ၁ မှ ဦးစီးမှူး ဗိုလ်နိုင်က ပြောဆိုသည်။

ဓာတ်ပုံ- ဗုံးပေါက်ကွဲမှုဖြစ်ပွားသော နေရာအနီးရှိ The Box ဘားဖြစ်ပြီး The Boxနှင့်Hiso Heaven Barအကြားတွင် ရဲနှင့်စစ်တပ် ကင်းစခန်း ချထားခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article