By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၇ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ပျူစောထီး အဖွဲရဲ့ ပစ်သတ်မှုကြောင့် သေဆုံးသွားတဲ့ အိန္ဒိယနိုင်ငံသား နှစ်ယောက်ရဲ့ အလောင်း ပြန်လည် ရရှိရေးအတွက် အိန္ဒိယနိုင်ငံ၊ မိုရေး လူထုက မိုရေးရဲစခန်းမှာ သွားရောက် တောင်းဆိုဆန္ဒပြခဲ့ ကြပါတယ်။
-ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ရွာ နဲ့ ဆွန်တောင်-ကျေးရွာတို့ မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ပြီး မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ ဗုံးတွေကို ရှင်းလင်းလိုက်တယ်လို့ CDF မင်းတပ် တပ်ဖွဲ့ဝင် တွေက ပြောပါတယ်။
-စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဲ့ မကွေးတိုင်း ရေစကြို မြို့နယ် အစပ်မှာရှိတဲ့ သူဌေးကုန်း-ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဇူလိုင်လ ၆ ရက်နေ့ ၊ ညနေ ၃ နာရီ ကျော်လောက် မှာ MI- 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေ နဲ့ လာရောက် ပစ်ခတ်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်း တွေကို တင်ဆက်ပေးပါမယ်။