ရန်ကုန်၊ ဇူလိုင် ၇
ရန်ကုန်တွင် ဆဲဗင်းဇူလိုင် အရေးခင်း နှစ် (၆၀) ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ လူငယ်များ ဆန္ဒပြကြသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)နှင့် North Dagon Oppressed People’s Strike Coalition တို့ပူးပေါင်း၍ ဆဲဗင်းဇူလိုင် အရေးခင်း နှစ် (၆၀) ပြည့်အထိမ်းအမှတ်အဖြစ် ”ဆဲဗင်းဇူလိုင်စိတ် ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ၊စစ်အာဏာရှင်စနစ်ကို ရရာနည်းဖြင့်အမြစ်ပြတ်ချေမှုန်းကြ”စာသားပါ bannerအားကိုင်စွဲ၍ ရန်ကုန်မြို့တစ်နေရာ၌ စစ်အာ ဏာ ရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ကြကြောင်း သိရှိရသည်။
Photo- AAMIJ