By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၇ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဥကရစ်ထ တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခမရ -၅၅၆ တပ်က တိုက်ခိုက် ချေမှုန်းရေး ပထမဆုရ ဗိုလ်ကြီး နေရဲထက်ဆိုသူ သေဆုံးသွားတယ်လို့ သူ့ရဲ့ မိတ်ဆွေအသိုင်းအ၀ိုင်းတချို့ဆီကနေ သိရပါတယ်။
– အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားအခြေစိုက် အွန်လိုင်းရုပ်သံနဲ့ ဗွီဒီယိုတိုက်ရိုက် ထုတ်လွှင့် ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dacast က အကြမ်းဖက် မြန်မာစစ်ကောင်စီတပ်ရဲ့ MRTV အွန်လိုင်းရုပ်သံ တိုက်ရိုက်ထုတ်လွှင့်တာကို တားမြစ် ပိတ်ပင်လိုက်ပြီလို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
– ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် ၊ ဧရာ ၆ လမ်းက မဘသ၊ အမျိုးသားရေးအစွန်းရောက်နဲ့ စစ်တပ် ထောက်ခံသူ ရာအိမ်မှူး သန်းလွင်လို့ခေါ်တဲ့ ကံထူး ရဲ့ နေအိမ်ကို ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့ မနက် အစောပိုင်း ၅ နာရီဝန်းကျင်လောက်မှာ မြို့ပြ ပြောက်ကျား တပ်ဖွဲ့က သတိပေး ဖောက်ခွဲလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပးပါမယ်။