ရန်ကုန်၊ ဇူလိုင် ၈
ပဲခူးတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကိုက် ၁၅၀ ခန့်အကွာတွင် တည်ရှိသည့် ပဲခူးကျုံးဝင်းတွင် ၇.၇.၆၂ ကျောင်းသားအရေးတော်ပုံ နှစ် (၆၀) ပြည့် အထိမ်းမှတ်အဖြစ် “ငါတို့မြို့ ငါတို့ပိုင်တယ် လုံးဝအုပ်ချုပ်ခွင့်မရ” အာဏာရှင်ဆန်ကျင့်ရေး စာတန်းကို ဇူလိုင်လ ၇ ရက်နေ့တွင် အရပ်ဘက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ UG – CPDF ရဲဘော်များက ချိတ်ဆွဲတော်လှန်ခဲ့ကြောင်း UG – CPDF ရဲဘော်တစ်ဦးက ပြောကြားသည်။
၇.၇.၆၂ နှလုံးမှု တော်လှန်ကြစေရန်အတွက် အာဏာရှင်ဆန်ကျင့်ရေး စာတန်းကို ဇူလိုင်လ ၇ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် သွားရောက်ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ချိတ်ပြီး လှည့်ကင်းနဲ့တိုးလို့ ပတ်ခေါ်ပြီး ပြေးခဲ့ရတယ်”ဟု UG – CPDF ရဲဘော်က ပြောသည်။
UG- CPDF( Civil People’s Defense Force) သည် ပဲခူးတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့တစ်ခုဖြစ်ပြီး မေလမှစတင်ကာ လိုအပ်သည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်ခဲ့ယမ်း မလုံလောက်မှုများကြောင့် Mission /Operationများကို ယာယီရပ်ဆိုင်းထားကြောင်း ကြေညာထားသော အဖွဲ့ဖြစ်သည်။