28 C
Yangon

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး ပစ်ခတ်လုပ်ကြံခံရမှုတွင် ဒဏ်ရာရရှိပြီး အသက်ရှိနေသည့် လက္ခဏာမပြတော့ဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၈

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး ပစ်ခတ်လုပ်ကြံခံရမှုတွင် ဒဏ်ရာရရှိပြီး အသက်ရှိနေသည့် လက္ခဏာမပြတော့ကြောင်း ဂျပန်သတင်းဌာနများ၏ သ တင်းဖော်ပြချက်အရ သိရှိရသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေးသည် နာရာမြို့တွင် အထက် လွှတ် တော်အမတ်ရွေးကောက်ပွဲအတွက် အမတ်လောင်းတစ်ဦးကို ကူညီ မဲဆွယ်စည်းရုံး စကားပြောနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်သူဟု သံသယရှိခံရသူ အသက် ၄၁နှစ်အရွယ် Yamagami ကို ဖမ်းဆီးထားကြောင်း၊ ၎င်းကိုင်ဆောင်သော လက်လုပ်သေနတ်ကိုလည်းသိမ်းဆည်းရမိကြောင်း သိရှိရသည်။

လက်ရှိတွင် ဝန်ကြီးချုပ်ဟောင်းသည် အသက်ရှိနေသေးသည့် လက္ခဏာ မပြတော့ကြောင်း အရေးပေါ်ဌာနဝန်ထမ်းများက ဆိုကြသည်။

ဓာတ်ပုံ- ဂျပန်ဝန်ကြီးချုပ်ဟောင်း လဲကျပြီး ဒဏ်ရာရရှိနေစဉ်။

Photo- Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article