28 C
Yangon

ယနေ့ နံနက်ပိုင်း ပစ်ခတ်လုပ်ကြံခံရသော ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး ကွယ်လွန်

Must read

ရန်ကုန်၊ ဇူလိုင် ၈

ယနေ့ နံနက်ပိုင်း ဂျပန်နိုင်ငံတွင် ပစ်ခတ်လုပ်ကြံခံရသော ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး ရရှိသော ဒဏ်ရာဖြင့် ကွယ်လွန်သွားပြီဖြစကြောင်း ဂျပန် NHK သတင်းဌာနက ကြေညာသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေးသည် နာရာမြို့တွင် အထက် လွှတ် တော်အမတ်ရွေးကောက်ပွဲအတွက် အမတ်လောင်းတစ်ဦးကို ကူညီ မဲဆွယ်စည်းရုံး စကားပြောနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်သူဟု သံသယရှိခံရသူ အသက် ၄၁နှစ်အရွယ် Yamagami ကို ဖမ်းဆီးထားကြောင်း၊ ၎င်းကိုင်ဆောင်သော လက်လုပ်သေနတ်ကိုလည်းသိမ်းဆည်းရမိကြောင်း သိရှိရသည်။

လက်ရှိတွင် ဝန်ကြီးချုပ်ဟောင်းသည် ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိနေပြီဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ၈ နှစ်အကြာ ဝန်ကြီးချုပ် တာဝန်ထမ်း ဆောင်ခဲ့သူလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article