24 C
Yangon

ရန်ကုန် ပညာရေး တက္ကသိုလ် သမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော်ကို စစ်တပ်က ထောင်ဒဏ် ၈ နှစ်ချမှတ်၊ ရတနာပုံ တက္ကသိုလ် ကျောင်းသူ မကြည်ပြာကိုလည်း စစ်တပ်က ထောင်ဒဏ် ၃ နှစ် ချမှတ်

Must read

ရန်ကုန်၊ ဇူလိုင် ၈

အကြမ်းဖက် စစ်တပ်က မတရား ဖမ်းဆီးထားသော ရန်ကုန် ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားကို ဇွန်လ ၂၇ရက်နေ့က ပုဒ်မ ၅၂ (က) ၊ ၅၀၅(က) တို့ဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ထံမှ သိရသည်။

ကိုစိုးသူရကျော်ကို အကြမ်းဖက် စစ်တပ်က ပုဒ်မ ၅၂ (က)အတွက် ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၅၀၅ (က)အတွက် ထောင်ဒဏ် ၃ နှစ်ကို မန္တလေး အိုးဘိုထောင်တွင် ချမှတ်ခဲ့ပြီး ရန်ကုန်တွင် ချမှတ်မည့် အမှုများ ကျန်ရှိနေသေးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ကိုစိုးသူရကျော်ကို ၂၀၂၁ ခုနှစ် စက်ဘာလ ၂၄ ရက်နေ့တွင် အဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ကိုစိုးသူရကျော်သည် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့)၏ ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပညာရေး သပိတ်စစ်ကြောင်းများကို ဦးဆောင်ခဲ့ပြီး အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ(BEGSC)၏ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်သူတစ်ဦးလည်းဖြစ်ကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

အလားတူ ရတနာပုံ တက္ကသိုလ် အဝေးသင် ကျောင်းသူ မကြည်ပြာ(‌ခ)မကြည်ကြည်ဝင်းကို အကြမ်းဖက် စစ်တပ်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် မတရား ဖမ်းဆီးခဲ့သော မကြည်ပြာသည် CDM သူနာပြု တစ်ဦးဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article