ရန်ကုန်၊ ဇူလိုင် ၉
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာတွင် နေထိုင်သော CDM ကျောင်းဆရာမ ဒေါ်ချိုယမင်းဟန်ကို အကြမ်းဖက် စစ်တပ်၏ အိုးဘိုထောင်တရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ ညဖြင့် ဇူလိုင်လ ၆ ရက်နေ့တွင် ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က CDM ကျောင်းဆရာမ ဒေါ်ချိုယမင်းဟန်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ၎င်းနေထိုင်သည့် ဇရပ်ကွင်းရွာ၌ အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အိုးဘိုထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“PDF နဲ့ ဆက်သွယ်လို့ဆိုပြီး ပုဒ်မ ၅၀ ညနဲ့ အမှုဖွင့် ထောင်ချလိုက်တာ အိုးဘိုထောင်တွင်း တရားရုံးက ဇူလိုင်လ ၆ ရက်နေ့မှာ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တာပါ” ဟု ဒေါ်ချိုယမင်းဟန်၏ မိတ်ဆွေ တစ်ဦးက ပြောဆိုသည်။