29 C
Yangon

ရန်ကုန်၊ လှိုင်သာယာတွင် ညကင်းပတ်နေသော စစ်ကောင်စီယာဉ် ၁ စီး ဗုံးပစ်သွင်းခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် အမှတ် ၂၊ ညောင်ကျေးရွာ ရပ်ကွက်တွင် ညဘက် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ကား ၁ စီး ဇူလိုင်လ ၈ ရက် နံနက်အစောပိုင်းတွင် ဗုံးပစ်သွင်းတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရနိုင်ကြောင်း သတင်းရရှိသည်။

ညကင်းပတ်နေသော စစ်ကားတွင် စစ်သား ၆ ဦး ပါရှိပြီး ကားပေါ်သို့ ဗုံးပစ်သွင်းတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရသည်ဟု ခန့်မှန်းကြောင်း Burmese Rangers Army – LDF UG က သတင်းထုတ်ပြန်သည်။

“ညောင်ကျေးရွာရပ်ကွက်မှာ စစ်ကားက အရင်ကတည်းက ကင်းပတ်နေတာ၊ သူတို့ကင်းလှည့်တဲ့အချိန် လမ်းပေါ်တွေ့သမျှလူဖမ်းပြီး ငွေညှစ်နေတာ။ ည ၂ နာရီလောက်ဆိုရင် ညောင်ကျေးရွာနားက သဲကွင်းနားမှာ သူတို့နားကြတယ်၊ သူတို့ နားဖို့ ကားရပ်တဲ့အချိန်မှာ ဗုံးပစ်သွင်းတာဗျ” ဟု Burmese Rangers Army – LDF UG အဖွဲ့ တာဝန်ခံ ဗိုလ်ထက်ဝေ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးရာတွင် နေထိုင်ပေးကြရန်နှင့် မြို့ပြပြောက်ကျားအဖွဲ့များ ဆက်လက်ရပ်တည်နိုင်ဖို့ ထောက်ပံ့ပေးကြရန် အဆိုပါ မြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးတိုက်တွန်းသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီ၏ မော်တော်ယာဉ် ၁ စီး ကင်းလှည့်နေစဉ် (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article