29 C
Yangon

အင်းတော် မဲဇာရဲစခန်းကို KIA PDF ပူးပေါင်းတပ်က တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံး၊ စစ်ကူလာသော စစ်ကား ထပ်မံမိုင်းဆွဲခံရပြီး စစ်သား ၅ ဦး ထက်မနည်း ထပ်သေ၊ PDF ၁ ဦးနှင့် ပြည်သူ ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ မဲဇာရဲစခန်းကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးကာ PDF ၁ ဦးကျဆုံးကြောင်း Indaw Revolution-IRက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၃ နာရီအချိန် KIAနှင့် ကသာခရိုင်တပ်ရင်း(၂)၊ အင်းတော် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက မဲဇာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲနှင့် ပျူစောထီး ၃၀ ဦး ခန့်သေဆုံးကြောင်း ၊ အရာရှိ ၁ ဦး၏ အလောင်းနှင့် စစ်သား ၁၀ ဦး အလောင်းကို ထောက်ပို့လေယာဉ်ဖြင့်မွန်းလွဲ ၂ နာရီတွင် သယ်ဆောင်ပြီး ကန့်ဘလူတွင် ချထားကြောင်း သိရှိရသည်။

ထို့နောက် နံနက် ၈ နာရီအချိန် အင်းတော်မှ မဲဇာရဲစခန်းသို့ စစ်ကူလာသည့် အင်အား ၃၀ ပါ စစ်ကားတစ်ကို KIAနှင် PDFအဖွဲ့များက မန်လည်လမ်းခွဲအနီးတွင် ကြားဖြတ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်းသေဆုံးကြောင်း၊ အပြင်းအထန် ဒဏ်ရာအများအပြားရရှိကြောင်း၊ အလောင်းများကို အနီးအနားဝန်းကျင်တွင်မြှုပ်နှံထားပြီး တိုက်ပွဲဖြစ်ပွားချိန် ရောက်ရှိလာသည့် ဆီဘောက်ဆာကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မဲဇာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုတွင် ပကဖ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး PDF ရဲဘော်၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲစခန်းအနီးအနားရှိ နေအိမ်မှ ၁၅နှစ်အရွယ် လူငယ်တစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- KIA ၊ PDF ပူးပေါင်းတပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article