By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာရှိတဲ့ မဲဇာရဲစခန်းကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က မနက်ပိုင်း ၃သုံးနာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ၃၀ ဦး သေဆုံးခဲ့တယ်လို့ Indaw Revolution-IRက သတင်းထုတ်ပြန်ပါတယ်။
– ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က မြန်မာတက်ကြွလှုပ်ရှားသူလူငယ်တွေနဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
– စစ်ကိုင်းတိုင်း ခန္တီးခရိုင်မှာ ပြည်သူ့အုပ်ချုပ်ရေးတွေ စတင်နေတာကြောင့် အကြမ်းဖက်စစ်တပ် လက်အောက်ခံအုပ်ချုပ်ရေး တာဝန်ယူထားသူ အားလုံး ရာထူးနဲ့ တာဝန်ကျရာ နယ်မြေတွေကနေ စွန့်ခွာဖို့ ခန္တီးခရိုင် ပြည်သူ့ကာ ကွယ်ရေး အဖွဲ့မှ ဇူလိုင်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
– စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အကြမ်းဖက် စစ်တပ်မှ စစ်သည်ဇနီးအမျိုးသမီး ၁ ဦးအပါအဝင် ပျူစောထီး သင်တန်း ဆင်းလာသူ ၆ ဦးကို မုံရွာ UG တပ်ပေါင်းစုက ဇူလိုင်လဆန်းပိုင်းအတွင်း ဖမ်းဆီး ရှင်းလင်းခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။