27 C
Yangon

စစ်ကိုင်းတိုင်း၊ ခရိုင် ၄ ခုရှိ မြို့နယ် ၁၂ ခုတွင် NUG ပြည်သူ့အုပ်ချုပ်ရေးများ စတင်နေ၍ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများ ရာထူး နုတ်ထွက်ရန် နှင့် တာဝန်ကျရာ နယ်မြေမှ စွန့်ခွာရန် သတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ခန္တီးခရိုင်၊ တမူးခရိုင်နှင့် မော်လိုက်ခရိုင်တို့ရှိ မြို့နယ် ၁၂ ခုတွင် ပြည်သူ့အုပ်ချုပ်ရေးများ စတင်နေခြင်းကြောင့် အကြမ်း ဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေး တာဝန်ယူထားသူ အားလုံး ရာထူး နုတ်ထွက်ရန်နှင့် တာဝန်ကျရာ နယ်မြေများမှ စွန့်ခွာရန် သတိပေးချက်များကို NUG အုပ်ချုပ်ရေးအဖွဲ့များက တရားဝင် ထုတ်ပြန် သတိပေးလျက်ရှိသည်။

စစ်ကိုင်းတိုင်းတွင် မြို့နယ် ၃၄ ခုရှိသည့်အနက် မြို့နယ် ၁၂ ခုတွင် ပြည်သူ့အုပ်ချုပ်ရေးစတင်လည်ပတ်နေခြင်းဖြစ်ပြီး အခြားသော မြို့နယ်များတွင်လည်း NUG များ စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရှိရသည်။

ခန္တီးခရိုင်တွင် ​လေရှီး၊လဟယ်၊ ဟုမ္မလင်း၊ခန္တီး၊နန်းယွန်း မြို့နယ် ၅ခု၊ မုံရွာခရိုင်-အရာ​တော်၊ဘုတလင်၊​ချောင်းဦး၊မုံရွာမြို့နယ် ၄ခု၊ တမူးခရိုင်တွင် တမူးမြို့နယ် နှင့် မော်လိုက်ခရိုင်တွင် မော်လိုက်မြို့နယ်နှင့်ဖောင်းပြင်မြို့နယ် ၂ ခု စုစုပေါင်း မြို့နယ် ၁၂ ခုတွင် NUG အုပ်ချုပ်ရေး စတင်ထူထောင်၍ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ရာထူးနုတ်ထွက်ရန်နှင့် နယ်မြေစွန့်ခွာရန် အသိပေးလာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း NUG အစိုးရသည် ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်းပေးလျက် ပြည်သူ့အုပ်ချုပ်ရေး ယန္တယားများ စတင်လည်ပတ်လျက်ရှိပြီး အကြမ်းဖက် စစ်တပ် လက်အောက်တွင် တရားမဝင် တာဝန်ထမ်းဆောင် လျက်ရှိသော အဆင့်ဆင့်သော အုပ်ချုပ်ရေး တာဝန်ယူနေသူ အားလုံးသည် ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်ပြီး ၁၀ ရက်အတွင်း ရာထူးတာဝန်မှ စွန့်ခွာကြရန်၊ တာဝန်ကျရာ နယ်မြေမှ စွန့်ခွာကြရန် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

အဆိုပါ ညွှန်ကြားချက်ကို လိုက်နာ ဆောက်ရွက်ခြင်း မရှိဘဲ အကြမ်းဖက် စစ်တပ် ယန္တယားတွင် ကိုယ်တိုင်ပါဝင်ကာ ပြည်သူ့ အသက် အိုးအိမ်၊ စည်းစိမ်များကို နှောင့်ယှက် ဖျက်ဆီးသူများဟု မှတ်ယူပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ အပါအဝင် တည်ဆဲ ဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် အဆုံးတွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article