ရန်ကုန်၊ ဇူလိုင် ၁၁
ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာတွင် နွေဦးတော်လှန်ရေး သပိတ်အင်အားစုမှ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲတွင် ၅/ကနန လူထုသပိတ် ၊ ပြည်သူသည်သာ အဓိက စာသားများကို ကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ကြွေးကြော်ချီတတ် ဆန္ဒပြခဲ့ကြသည်။ သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင် ဆန်ကျင်ရေး တရားများ ဟောပြောကြပြီး သွေးသစ္စာသီချင်း ကို သံပြိုင်သီဆို၍ သပိတ်ဟောပြောပွဲကို ပြီးမြောက်အောင်မြင်ခဲ့သည်။