ရန်ကုန်၊ ဇူလိုင် ၁၂
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ KNDO ၏ VENOM စစ်ကြောင်းအတွက် ပြည်သူများ လှူဒါန်းထားသော စနိုက်ပါ သေနတ် ၁ လက်၊ M4 သေနတ် ၁ လက်နှင့်ကျည်ဆန်များအတွက် ကျေးဇူးတင်ကြောင်း VENOM စစ်ကြောင်းက တရားဝင်သတင်းထုတ်ပြန်သည်။
“မိဘပြည်သူများမှ ကိုယ်ပိုင်ချွေးနည်းစာဖြင့် အခက်အခဲများကြားမှ လှူဒါန်းပေးသော အလှူငွေများသည် ၊ ပုံသဏ္ဍာန်တစ်ခုဆီသိုပြောင်းလဲကာ ကျွန်တော်တို၏ လက်ဝယ်သိုရောက်ရှိလာခဲ့ပါပြီ။ စနိုက်ပါ၁လက်M4 ၁လက် နဲ့ ကျည်များ လက်ထဲရောက်ရှိလာပါပြီ။ ဆက်လက်လှူဒါန်းပေးနေသော မိဘပြည်သူများ၏အလှူငွေများကို ထပ်မံစုစည်းကာ ၊ နောက်ထပ်ရောက်ဖို့လည်း ရှိပါသေးသည်။ ကျွန်တော်VENOM အနေဖြင့် ဖော်မပြတတ်လောက်အောင် ဝမ်းသာမိပါတယ်။ အချိန်ယူအားဖြည့်ဆဲကာလမှသည် ၊ ပြည်သူများထံသတင်း ကောင်းများ ရောက်ရှိနိုင်ဖို ဆက်လက်ကြိုးစားပါမည်ခင်ဗျ” ဟု VENOM စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
VENOM စစ်ကြောင်းသည် အကြမ်းဖက်စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို သိမ်းပိုက်ရန် တိုက်ခိုက်ခဲ့သော စစ်ကြောင်း ဖြစ်ပြီး ဥကရစ်ထ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့သည်။