27 C
Yangon

မြစ်ကြီးနားမြို့၊ အမှတ် ၂၁ ခြေလျင်တပ်ရင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရှေ့တန်းပြန်ဒဏ်ရာရသူများနှင့် တပ်ထဲ လာပုန်းသူများ ထိခိုက်ဒဏ်ရာရ ၊ ၀ိုင်းမော်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အကျအဆုံးများပြား

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊အမှတ် ၂၁ ခြေလျင်တပ်ရင်းကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် လက်နက်ကြီးဖြင့် ၆ လုံးပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရှိရသည်။

မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၂၁ ခြေလျင်တပ်ရင်းသို့ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်ခံရသဖြင့် ရှေ့တန်းမှ နာမကျန်းဖြစ်၍ ခေတ္တနားနေသူ စစ်မှူထမ်းများနှင့် အမှတ် ၃၇ တပ်ရင်းမှ ရွှေ့ပြောင်းနေထိုင်နေကြသော အရာရှိများ စစ်မှူးထမ်းဝန်ထမ်းများ အများပြား ထိခိုက်ဒဏ်ရာရရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ၀ိုင်းမော်မြို့နယ်၊ နန်ဇော်ယန်ကျေးရွာအနီးရှိ KIA စခန်းကို စစ်တပ်က ဝင်ရောက်တိုက်ခိုက်ရာ ယမန်နေ့နှင့် ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အကျအဆုံးများပြားကြောင်း၊ ယမန်နေ့ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်က လေယာဉ် နှစ်စီးဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်က နန်ဇော်ယန်ကျေးရွာအနီးတွင် ယမန်နေ့က မွန်လွှဲ ၂ နာရီ၊ ညနေ ၅ နာရီနှင့် ည ၉ နာရီတို့တွင် သုံးကြိမ်တိုင်တိုင် လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ပြည်သူ့စစ်နဲ့ စစ်တပ်အင်အား ၃၀၀ ကျော် ၄၀၀ ကြားက KIA စခန်းကို လာတိုက်တာ။ သူတို့ဘက်က အရမ်းအထိနာနေတယ်။ စစ်တပ်ဘက်က။ လေယာဉ်နဲ့လည်းပစ်တယ်။ လက်နက်ကြီးတွေလည်း ပစ်ကူတယ်။ ဒီနေ့အထိ လက်နက်ကြီးပစ်သံတွေ ကြားနေရတုန်း” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၏ ဝါဒဖြန့် ဆိုင်းဘုတ်တစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article