27 C
Yangon

ပုလဲ၊ တောင်ရွာသစ် ရွာမှ အသက် ၁၇နှစ် နှင့် အသက် ၁၃နှစ်အရွယ် မိန်း ကလေး ၂ ဦးကို စစ်တပ်က မုဒိမ်းကျင့် သတ်ဖြတ်မှု အပါအဝင် ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့

Must read

ဆိပ်ဖြူ၊ ပိုင်းကျေးရွာမှာ ကလေး ၂ ဦး မိခင် မနှင်းဝေကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ဟု ကျေးရွာပြည်သူများပြော

ရန်ကုန်၊ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ်နှင့် အသက် ၁၃ နှစ် အရွယ် မိန်းကလေးငယ် ၂ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်မှု အပါအဝင် ဒေသခံပြည်သူ ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မိန်းကလေးငယ် ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ကြောင်း၊ အခြားသော မိန်းကလေးငယ် ၂ ဦး၏ မိသားစုဝင် ၂ ဦးမှာလည်း သတ်ဖြတ်ခံရကြောင်း၊ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် အလောင်းများ ပြန်လည်ရရှိကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်ထံ ပြောဆိုသည်။

“စစ်တပ်က ထွက်သွားတော့ ရွာထဲပြန်အဝင်မှာ စစ်ခွေးတွေသတ်ထားခဲ့တဲ့ အလောင်း ၅ လောင်း ပြန်ရတယ်။ အဲဒီမှာ အသက် ၁၇ နှစ်အရွယ် မမိုးရည်နဲ့ သူ့အမေ ဖြစ်သူ အလောင်းတွေ့တယ်။ ပြီးတော့ ဦးတင်မောင် အသက် ၄၅ နှစ်နဲ့ သူရဲ့ သမီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးအလောင်းတွေ့တယ်။ နောက် ပြီး အမျိုးသမီး ၁ ဦးအလောင်းလည်း ပြန် ရတယ်။ စုစုပေါင်း အလောင်း ၅ လောင်းပါ။ မိသားစုလိုက် အသတ်ခံရတာဟာ စစ်တပ်က သူတို့သမီးတွေကို မုဒိမ်းမှု ကျူးလွန်ဖို့ လုပ်တာကို မိဘတွေက တောင်းပန်ရင်း မိဘတွေပါအသတ် ခံရတယ်လို့ ခန့်မှန်းရတယ်။ အခုလည်း သေဆုံးသူတွေကို ပြည်သူကာကွယ်ရေးအဖွဲ့တွေ နဲ့ CDMဆရာဝန်တွေနဲ့ ခွဲစိတ်စစ်ဆေးတာတွေပြုလုပ်နေတယ်”ဟု ပုလဲပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ဗိုလ်စစ်ငြိမ်းသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

အလားတူ ဇူလိုင်လ ၉ ရက်နေ့ မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ် ၊ပိုင်းကျေး ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သားသမီး ၂ ဦး မိခင် မနှင်းဝေကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ကျေးရွာသူ ကျေးရွာသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။

” စစ်တပ်က ပိုင်းကျေးရွာထဲမှာ အိမ်တွေမွှေနှောက်ဖျက်ဆီးတယ်။ ဝက် ၊ကြက် တွေ ချက်စားတယ်။ ဈေးဆိုင်အိမ်က အရက်ဖာတွေကနေ အရက်တွေသောက်မူးရူးနေကြတာ။ အဲဒီမှာ ရွာက ထွက်ပြေးရင်း ဝက်ကလေးကျန်ခဲ့လို့ အစာပြန်လာကျွေးတဲ့ ရွာသူမနှင်းဝေကို စစ်တပ်က မုဒိမ်းကျင့် သတ်ပစ်လိုက်ကြတယ်။ အလောင်းပြန်ရတော့ အဲဒီအစ်မ လက်လည်းကျိုးနေတယ်။ အရိုက်အနှက်ခံထားရတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ ညနေမှာ စစ်ကားတစီးအကူရောက် လာပြီး သူတို့ကိုပြန်လာကြိုသွားတယ်။ ရွာသားတချို့ ရွာထဲ ပြန်ဝင်ပြီး အသတ်ခံရတဲ့ အစ်မ အလောင်းကို ဇူလိုင် ၁၁ ရက်နေ့မှ ကောက်ရတယ်။ မနှင်းဝေက အသက် ၃၅နှစ်ဝန်းကျင် ကလေး (၂)ယောက်အမေ။ မနှင်းဝေ အမျိုးသားက ကိုနိုင်ဝင်း။ မနှင်းဝေ အလောင်းမှာ မုဒိမ်းကျင့်ပြီး ဆေးလိပ်မီး တွေနဲ့ ထိုးထားတာတွေတွေ့တယ်။ အားရအောင်နှိပ်စက်ပြီးမှ သတ်တာ” ဟု ပိုင်းကျေးရွာသားတစ်ဦးက အတည်ပြုပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်သွားသော ပိုင်းကျေးရွာမှ မနှင်းဝေ၏ ရုပ်အလောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article