27 C
Yangon

ခင်ဦးတွင် မိုင်းဆွဲခံရမှုကြောင့် ဒဏ်ရာရရှိသော ဒုရဲအုပ် မင်းချစ်သူကို ရဟတ် ယာဉ် ဖြင့် ဆေးရုံပို့သော်လည်း သေဆုံး၊ တာဝန်ချိန်မှ အပ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အပြင် လုံး၀(လုံး၀) မထွက်ရန် အမိန့်ထုတ်

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဇူလိုင်လ ၇ ရက်နေ့ မိုင်းဆွဲခံရမှုကြောင့် ဒဏ်ရာရရှိသော ဒုရဲအုပ် မင်းချစ်သူကို ရဟတ်ယာဉ်ဖြင့် ဆေးရုံပို့သော်လည်း သေဆုံးသွားခဲ့ကြောင်း ရဲကြေးနန်းတစ်ရပ်အရ သိရှိရသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၏ အရှေ့ဘက် ၆ မိုင်ခန့်အကွာ ခင်ဦး-ရွှေဘို-မြစ်ကြီးနား ကားလမ်းတစ်လျှောက် လုံခြုံရေးယူစဉ် ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာနှင့်ရွာသာကျေးရွာအကြားတွင် မိုင်းဆွဲခံရကြောင်း၊ လက်လုပ်စိန်ပြောင်းများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ကြောင်း၊ မိုင်းဆွဲခံရသဖြင့် ဒုရဲအုပ် မင်းချစ်သူ ယာလက်ဖျံနှင့်ယာချိုင်းအောက် မိုင်းစဖောက်ဝင်ဒဏ်ရာရရှိကြောင်း၊ ရဲတပ်သား ရန်နိုင်အောင်မှာလည်း ယာဘက်ပေါင် မိုင်းစ ဖောက်ဝင် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန်တွင် ရွှေဘိုမြို့ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဗိုလ်မှူး မင်းဇော်ထွန်းက ကျည်ကာကားဖြင့် မိုင်းစထိမှန်သူ ဒုရဲအုပ် မင်းချစ်သူနှင့်ရဲတပ်သားကို ခမရ ၄၂ သို့ သယ်ဆောင်ခဲ့ပြီး ညနေ ၃ နာရီ အချိန် စစ်ရဟတ်ယာဉ်ဖြင့် မုံရွာ စစ်ဆေးရုံသို့ တင်ပို့သော်လည်း ဒုရဲအုပ် မင်းချစ်သူမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ကြောင့် တပ်ဖွဲ့ဝင်များအနေဖြင့် ပြင်ပတွင် နေထိုင်ခြင်းမပြုကြရန်နှင့် ပြင်ပတွင် နေထိုင်သူများကို တပ်တွင်း ပြန်ခေါ်ယူရန်၊ လိုင်းခန်းလိုအပ်ချက်များ တင်ပြရန်၊ တာဝန်ချိန်မှအပ တပ်ပြင်သို့ လုံး၀(လုံး၀) မသွားကြရန် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

“ဇူလိုင် ၇ ရက်နေ့ကတော့ သယ်ယူရေး ရဟတ်ယာဉ် ၂ စင်း ရွှေဘိုဘက်ကနေ ခဏခဏ ဖြတ်သွားဖြတ်လာ လုပ်တယ်။ အနားကလူတွေပြောတာက အလောင်းသယ်တယ်၊ လူသယ်တယ်တော့ ပြောတယ်” ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article