27 C
Yangon

စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးလိုက်သဖြင့် နေအိမ် ၁၀၀ ကျော် ပြာကျသွားသော ဌေးအောင်ကျေးရွာ

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

မကွေးတိုင်း မြိုင်မြို့နယ် ဌေးအောင်ရွာကို အကြမ်း ဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးသောကြောင့် ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမှု ဖြစ်စဥ်၌ ကျေးရွာအတွင်းမှ အရပ်သား ပြည်သူ ၂၀ ကျော် ပျောက်ဆုံးနေပြီး စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားသူများလည်းရှိကြောင်း၊ ဖမ်းဆီးခံရသူ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မနက်စောစောထဲက စစ်ကောင်စီ တပ်တွေ မီးရှို့သွားတာ နေအိမ်တော်တော်များများ မီးလောင်သွားတယ်။ ကျွန်တော့အိမ် အပါအဝင်ပေါ့။ ဌေးအောင်ရွာရဲ့ အနောက်ဘက် သီးပင်ကိုင်းရွာမှာ စစ်တပ်တွေ အခု ဝင်နေတယ်။စစ်ကြောင်းက သုံးကြောင်းဗျ။ ရွာတွေကို ခွဲဝင်နေတာ။ ဒေသခံ အများအပြားလည်း ရွာလုံးကျွတ်တွေ ရှောင်နေရတယ်။ လက်နက်ကြီးတွေနဲ့ပါ ရမ်းသမ်းပစ်တာ။ မိန်းကလေးတွေရော ယောက်ျားလေးတွေရော အဖမ်းခံရတာတော့ ရှိတယ်။ ဘယ်နှစ်ဦး အဖမ်းခံရတယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။ ရွာထဲမှာ ပျောက်ဆုံးနေသူ ၂၀ ကျော်လောက်ရှိတယ်။ ရွာထဲ အကုန်ပြန်မရောက် သေးတော့ လူစစ်မကြည့်ရသေးဘူး။ စစ်ခွေးတွေ မီးရှို့ဖျက်ဆီးသွားတာ အိမ်ခြေ ၁၀၀ လောက်ရှိမယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်သည် အနီးအနားဝန်းကျင် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ဒေသခံ ပြည်သူ ၅၀၀ ​ဝန်းကျင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း၊ ထွက်ပြေးနေရသည့် ကျေးရွာများတွင် နှမ်းစာကျင်း၊ တန်ပို၊ ဆီးဖြူကုန်း၊ မြို့ခင်းသာကျေးရွာများပါဝင်ကြောင်း၊ စစ်တပ်က ဖုန်းလိုင်းများ ဖြတ်တောက်ထားသဖြင့် ဖြစ်စဥ် အသေးစိတ်နှင့် ထပ်မံ မီးရှို့ဖျက်ဆီးခံရသော ကျေးရွာအအခြေအနေများကို မသိရှိရသေးဟု ဒေသခံ ပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article