25 C
Yangon

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်တပ်နှင့် KNLA PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး ဗိုလ်မှူး အပါအဝင် ၈ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်တပ်နှင့် KNLA PDF ပူးပေါင်း ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပြီး ဗိုလ်မှူး အပါအဝင် ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြား ထပ်မံ သိမ်းဆည်းရမိကြောင်း ယနေ့ ထုတ်ပြန်သည်။

ဇူလိုင်လ ၁၃ ရက်နေ့ ခလရ (၈) နှင့် ခမရ (၂၀၇) စစ်ကြောင်းများကို ကော်ဘရာစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ရာ ခမရ (၂၀၇) မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် အရာရှိ၊ တပ်သား (၈) ဦး သေဆုံးကြောင်း၊ ကော်ဘရာ စစ်သည် (၁) ဦး အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီထံမှ ၅.၅၆ ကျည် (၇၀၅) တောင့် ၊MA ကျည်ဘောက် (၄)ခု၊ လက်ပစ်ဗုံး (၃) လုံး၊ (၆၀) မမ ဗုံးသီး (၂) လုံး၊ အမည်မသိကျည်သေး (၁) ခု၊ ဆက်စပ် စစ်အသုံးအဆောင်ပစ္စည်းများ အား သိမ်းဆည်းရမိကြောင်း ၊
ဇူလိုင်လ (၁၄) ရက်နေ့တွင် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီထံမှ ‌၅.၅၆ ကျည် (၃၀၀၀) ကျော်၊ လက်ပစ်ဗုံး (၁၃) လုံး၊ ခွင်းဗုံး (၁၄) လုံး၊ နင်းမိုင်း (၁၂) လုံး၊ (၆၀) မမ ဗုံးသီး (၈) လုံး၊ (၆၀)မမ စိန်ပြောင်း (၁) လက်၊ MA ကျည်ဘောက် (၁၁) ခု၊ RPG -7ကျည် (၈)လုံး၊ RPG ယမ်းတောင့် (၉) တောင့်၊ ဆိုလာပြား(၁)ခု၊ NATO ကျည် (၂၆၅) တောင့် နှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း၊

မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့နှင့် သရက်နှစ်ပင်ကျေးရွာ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာနှင့် ဆက်စပ်နေရာများအား ကော်ဘရာစစ်သည်များမှ နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇူလိုင်(၁၃) ရက်နေ့တွင် ၅.၅၆ ကျည် (၄၀၀) တောင့်၊ MA ကျည်ဘောက် (၃)ခု၊ နင်းမိုင်း (၃) လုံး၊ ဖြိုခွင်းရေး ယမ်းတောင့် (၁) ခု ၊ ဆက်သွယ်ရေးစက် (၁) လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်း များစွာအား သိမ်းဆည်း ရမိခဲ့ပါသည်။ ဇူလိုင်လ (၁၄) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဆုတ်ခွာထွက်ပြေးသော ဆက်စပ်နေရာများမှ (၆၀) မမ ဗုံးသီး (၉) လုံး၊ RPG ကျည် (၅) လုံး၊ နှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများ ထပ်မံ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article